CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, July 31, 2012

"မောင်းလျှင်မမူးနှင့် မူးလျှင် မမောင်းနှင့်"

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ ဇူလိုင်လ (၃၁)ရက်


"မောင်းလျှင်မမူးနှင့် မူးလျှင် မမောင်းနှင့်" မန္တလေးမြို့ လမ်းဆုံလမ်းထောင့်များတွင် ယာဉ်အန္တရာယ်သတိပေး ဆိုင်းဘုတ်များထောင်ကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ဆိုင်းဘုတ်များတွင် မန္တလေးမြို့ပေါ်(၇) မြို့နယ်အတွင်း နှစ်အလိုက် ဖြစ်ပွားသော ယာဉ်တိုက်မှု၊ သေဆုံး/ဒဏ်ရာရသူဦးရေ နှိုင်းယှဉ်ချက်ဇယားနှင့်အတူ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ သွေးသံရဲရဲ ဓာတ်ပုံများကိုပါ ဖော်ပြထားကြောင်း သိရသည်။ လမ်း ၃၀ နှင့် ၇၁ လမ်းထောင့်၊ ဗထူးကွင်းအနီးတွင်လည်းကောင်း၊ ၆၆ လမ်းနှင့် ၁၉ လမ်းထောင့်တွင်လည်းကောင်း အလားတူဆိုင်းဘုတ်မျိုးအား စိုက်ထူထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မန်းပြည်သူတစ်ဦးက CJMyanmar သို့ ပြောကြားပါသည်။

No comments:

Post a Comment