ရန်ကုန်မြို့၊ သြဂုတ်လ (၂၅)ရက်
ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးဟောင်း ဘေး ရေမြောင်းအား Asia World ကုမ္ပဏီက ပိတ်ဆို့လိုက်သည့်အတွက် ကြည့်မြင်တိုင်ပြည်သူများ မကျေနပ်သဖြင့် ယမန်နေ့ ညနေ လေးနာရီ ၁၅ မှစတင်ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများက ဘုရင့်နောင်လမ်းကိုပိတ်ဆို့လိုက်ကြသည်။ ညကိုးနာရီကျော်တွင် သက်ဆိုင်ရာမှ လာရောက်လမ်းရှင်းရန်ကြိုးစားခဲ့သော်လည်း ဆန္ဒပြသူများက လမ်းကိုပြန်လည်ပိတ်ဆို့ခဲ့ကြပြန်သည်။ ၈၈ မျိုးဆက်ကျောင်းသားများရောက်ရှိလာကာ ညှိနိုင်းပေးပြီး ကုမ္ပဏီ မှ ဆိုက်မန်နေဂျာ ထွက်၍ တောင်းပန်မှသာလူစုကွဲသွားခဲ့သည်။
No comments:
Post a Comment