မန္တလေးမြို့၊ သြဂုတ်လ (၂)ရက်
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် အရှေ့မုဒ်လမ်း၊ ရန်ကုန်မန္တလေးလမ်း (ပြတိုက်လမ်း) မှ အရှေ့မုဒ် အထိ (တစ်လမ်းမောင်း) နှင့် အရှေ့မုဒ်ရှေ့လမ်း (၈၁ လမ်း၊ တစ်လမ်းမောင်း) တို့တွင် ခရီးသည်တင် လိုင်းကားများ အန္တရယ်ရှိအောင် တင်ဆောင်ခြင်း (အမိုးပေါ်လူတင်ခြင်း)၊ ပြိုင်မောင်းခြင်း၊ လမ်းပိတ်ရပ်ကာ ခရီးသည်တင်ခြင်း၊ ယာဉ်နှစ်ထပ်သုံးထပ် လမ်းပိတ်ရပ်ကာ ခရီးသည်စောင့်ဆိုင်း တင်ဆောင်ခြင်းများ နေ့စဉ်ဖြစ်နေကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရန် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နေ့စဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပျက်လျှက် ရှိကြောင်း CJMyanmar မှသတင်းရရှိသည်။
(စည်းကမ်းပျက် ခရီးသည်တင် လိုင်းကားများ၊ မြို့တွင်းတွင် ခေါင်းမိုးပေါ်မှာ ခရီးသည်များ တင်ဆောင်မှုလာမှုများ၊ ယာဉ်ကြောပြောင်းပြန် မောင်းနှင်နေမှုများ၊ ဆိုင်ကယ်စီး ဦးထုတ်မဆောင်းမှုများ၊ ယာဉ်နှစ်ထပ်၊ သုံးထပ်ရပ်ကာ ခရီးသည် တင်နေမှုများကို မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် အရှေ့မုဒ်ရှေ့တွင် တွေ့ရစဉ်။)
No comments:
Post a Comment