CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, August 7, 2012

KBZ Bank နှင့် AGD Bank ငွေလွှဲခ လျှော့ချမှုကို မကျေနပ်သောကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်ကို တိုင်တန်း

သတင်း နှင့် ဓာတ်ပုံ -  CJM-197
သြဂုတ်လ (၆) ရက်

KBZ Bank နှင့် AGD Bank တို့၏ ပြည်တွင်း ငွေလွှဲခ နှုန်းထား လျှော့ချမှုကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်သို့ တိုင်းတန်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်သော အစည်းအဝေး တစ်ရပ်ကို ဗဟိုဘဏ်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း CJMyanmar မှ သတင်းရရှိပါသည်။ ဘဏ်အများစုမှာ ငွေလွှဲခလျှော့ချခြင်းကို ကန့်ကွက်ခဲ့ပြီး ပုံမှန် ယူနေကြအတိုင်း ငွေလွှဲ ဝန်ဆောင်ခ များများယူသည့်နည်းကိုသာ ဆက်လက် ကျင့်သုံးလိုသည်ဟု တင်ပြခဲ့ကြောင်းနှင့်  ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗဟိုဘဏ်မှ ထုတ်ပြန်မည့် ညွှန်ကြားချက်ကို ပြည်တွင်းဘဏ်များ စောင့်မျှော်လျှက်ရှိကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးမှ CJMyanmar သို့ ပြောကြားပါသည်။

No comments:

Post a Comment