အင်းဝမြို့၊ သြဂုတ်လ (၅)ရက်
မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်များလာရောက် လည်ပတ်လျှက်ရှိရာ မြန်မာ့ရှေးဟောင်း အမွေအနှစ်များကို လေ့လာစရာ နေရာများတွင် အပါအဝင်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်း တစ်ဝိုက်သို့လည်း လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ များပြားလျှက်ရှိသည်။ အင်းဝမြို့ဟောင်းတစ်ဝိုက်တွင် အင်းဝမြို့ဟောင်း၊ ဗားကရာကျောင်း၊ ရတနာဆီမီးဘုရား၊ နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း အစရှိသည့်နေရာများသို့ မြင်းလှည်းလေးများဖြင့် သွားရောက်လည်ပတ်ကြကာ ယခုရက်ပိုင်းများတွင် ကမ္ဘာလှည့် ခရီးသည်များပိုမိုရောက်ရှိလျှက် ရှိကြောင်း CJMyanmar မှသတင်းရရှိသည်။
No comments:
Post a Comment