CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Wednesday, August 15, 2012

စစ်တွေတက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနေကြပြီ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
ရခိုင်ပြည်နယ်၊၊ သြဂုတ်လ (၁၄)ရက်


ယခုအခါ စစ်တွေတက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်သည်။ စစ်တွေတက္ကသိုလ်သည် ဘင်္ဂါလီလူမျိုးများနေထိုင်ရာရွာအနီးနှင့် ဘင်္ဂါလီလူမျိုးများနေထိုင်ရာ ကျေးရွာများသို့သွားရာ လမ်းကြောပေါ်တွင် တည်ရှိသဖြင့် စစ်တွေတက္ကသိုလ်တ၀ိုက်တွင် လုံခြုံရေးများချထားရကြောင်းလည်း သိရှိရသည်။ စစ်တွေတက္ကသိုလ်ကျောင်းတက်/ကျောင်းဆင်းချိန်များတွင် တက္ကသိုလ်နှင့် မြို့တွင်းအသွားအပြန်လုပ်ရန် တုတ်တုတ်(လူအများစီး ဆိုင်ကယ်ကယ်ရီ)များကို အသုံးပြုရကြောင်းနှင့် တုတ်တုတ်(ဆိုင်ကယ်ကယ်ရီ) တက္ကသိုလ်ကြို/ပို့ယာဉ်တွင် လိုက်ပါစီးနင်းရန် စစ်တွေမြို့တွင်းမှ တက္ကသိုလ်အထိ အသွားအပြန် (၃၀၀)ကျပ်ပေးဆောင်ရကြောင်းလည်း သိရှိရသည်။ (ဓာတ်ပုံမှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းတွေ့မြင်ရသည့် စစ်တွေတက္ကသိုလ်ကျောင်းဆင်းချိန်တွင် မြို့တွင်းသို့ပြန်ရန် တုတ်တုတ်(ဆိုင်ကယ်ကယ်ရီ) စောင့်ဆိုင်းနေသော တက္ကသိုလ်ကျောင်းသူကျောင်းသားများ) Now, Sittwe University has reopened and the students are attending just as before. Sittwe University is situated near a village where the Bengalis lives, and on the way to other Bengali villages so security forces have been placed surrounding the university. During the university opening and closing times, the students have to use the tuk-tuks for commuting from Sittwe to University. Each student has to pay a round-trip fare of 300 Ks. to use the tuk-tuk from Sittwe to the university. (Photo: Students waiting for the tuk-tuk to go back to Sittwe after the school day was over at Sittwe University)

No comments:

Post a Comment