CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, August 6, 2012

CJ Myanmar သို့ ရင်ဖွင့်ပေးစာ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ သြဂုတ်လ (၃)ရက်


CJ Myanmar သို့ ရင်ဖွင့်ပေးစာ...................... ညိမ်း ဆေးရုံကဲ့သို့ပင် မြို့တော်ဆေးရုံသည်လည်း အတူတူပင်ဖြစ်ပါသည် ။ အလုပ်ချိန်များပြားပြီး ဘွဲ့ရတစ်ယောက်၏လစာသည် OT တွင် သန့်ရှင်းရေးလုပ်သော ဝန်ထမ်း၏ လစာ တဝက်မျှသာ ရှိနေပါသည်။် ဘွဲ့ရအောင် သင်ခဲ့ရသော အချိန် ဆေးရုံအပေါ်မြှုပ်နှံထားခဲ့ရသောအချိန်များကို နှမြောမိပါသည်။ သန့်ရှင်းရေး ဝန်ထမ်းအား လစာများပေးခြင်းကြောင့် မဟုတ်ပါ ။ ရာထူးအလိုက် ပညာအရည်အချင်းအလိုက် လုပ်သက်အလိုက် ခံစားခွင့်ပေးစေလိုခြင်း ဖြစ်ပါသည်။ မိမိတို့ဆေးရုံဝန်ထမ်းများသည် လပြည့်ဆိုတာလဲမသိခဲ့ လကွယ်ဆိုတာလဲမရှိခဲ့ဘဲ အလုပ်လုပ်ခဲ့ ရသူများပါ လူမှုရေးဆိုဝေးလို့ နေခဲ့ရသူများပါ ထိုက်တန်သောခံစားခွင့်လေးတော့ လိုချင်ပါသည်။ ကုသိုလ်ရသောအလုပ်ဆိုပြီး သည်းခံခဲ့ပေမဲ့ တာဝန်ရှိသူများ၏နေစိမ့် လူလည်ကျမှုများသည် သည်းခံမှုအားလျော့အောင် တွန်းအားပေးနေသလိုပင်။ ညိမ်း၏ဆန္ဒပြမှုအပြီးတွင် ပြောင်းလဲမှုတစုံတရာမဖြစ်ခဲ့ပါလျင် မြို့တော်ဆေးရုံသည် လည်း ၎င်းလမ်းစဉ်နောက်သို့လိုက်ရတော့မှာလားဟု ဝန်ထမ်းများ ၏ရင်ထဲတွင် ဖြစ်ပေါ်နေကြောင်း CJMyanmar သို့ တင်ပြလိုပါသည်။

No comments:

Post a Comment