မန္တလေးမြို့၊ သြဂုတ်လ (၂၅)ရက်
အင်္ဂလန်နိုင်ငံတွင် နေထိုင်လျှက်ရှိသော ပါဖောမန့်အနုပညာရှင် ပန်းချီ ထိန်လင်းရဲ့ ဉာဏ်ရှေ့သွားအနုပညာမိတ်ဆက်ပွဲအခမ်းအနားကို သြဂတ်လ ၂၅ရက်နေ့ ယနေ့နံနက် ၉နာရီအချိန်တွင် မန္တလေးမြို့ ၆၉လမ်းနှင့် ၃၇လမ်းထောင့်ရှိ Mandalay Contemporary Art Center (MCAC) ခန်းမတွင် ပထမပိုင်း (Artist Talk) အစီအစဉ်ဖြင့် စတင်ကျင်းပခဲ့ကြောင်း CJ Myanmar မှသိရှိရသည်။ အခမ်းအနားဒုတိယပိုင်းအနေဖြင့် အဆိုပါ ခန်းမတွင် နေ့လည် (၁)နာရီမှ (၃)နာရီအချိန်ထိ ပါဖောမန့်အနုပညာ ပြသခြင်းများကို Workshop ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားကို မန္တလေးမှ အနုပညာချစ်မြတ်နိုးသူများ၊ စာရေးဆရာများ၊ ပန်ချီဆရာများ၊ ပါဖောမန့်အနုပညာရှင်များနှင့် မြို့ခံ စာနယ်ဇင်းဆရာများ၊ အွန်လိုင်းမီဒီယာများ (၁၀၀)၀န်းကျင်ခန့် တတ်ရောက်ခဲ့ကြောင်း CJ Myanmar မှ သတင်းရရှိသည်။ ပန်းချီ ထိန်လင်းသည် မြန်မာနိုင်ငံ၏ အစောဆုံး ပါဖောမန့်အနုပညာရှင်တစ်ယောက်လည်းဖြစ်သည်။
No comments:
Post a Comment