မန္တလေးမြို့၊ ဇူလိုင်လ (၃၁)ရက်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်းရှိ
အောင်စိန် ချည်မျှင်နှင့်ဆေးဆိုးစက်ရုံ မှ ညနေဆိုင်း အလုပ်သမား(၈၅)ဦး
က အလုတ်ထုတ်ခံရသော အလုပ်သမား(၁၀)ဦး အတွက် အချက်(၅)ချက်ဖြင့်
တောင်းဆို ဆန္ဒပြ မှု ကို ဇူလိုင်(၃၁)ရက် ညနေ(၃)နာရီကပြုလုပ်သည်။
ဆန္ဒဖော်ထုတ်တောင်းဆိုသည့် အချက်(၅)ချက်မှာ
(၁) အပြစ်မဲ့အလုပ်ထုတ်ထားသော အလုပ်သမားများအား အမြန်ဆုံး လုပ်ငန်းခွင်သို့ ပြန်လည်ခန့်ထားပေးရန်။
(၂) အလုပ်ရှင်မှ အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ဖိနှိပ်ချုပ်ချယ်မှု လုံးဝ မပြုလုပ်ပါရန်။
(၃) စာချုပ်ပါ အချက်(၃)ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ပေးရန်။
(၄) စာချုပ်ပါအချက်(၄) (က)နှင့်(ခ)အား အလုပ်ရှင်မှ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
(၅) ရက်မှန်ကြေး(၅၀၀၀)ကျပ် ပြန်ပေးရန်။
တို့ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment