မန္တလေးမြို့၊ သြဂုတ်လ (၉)ရက်
ကားဟောင်းတွေ စအပ်ကြတော့ ကျွန်တော်နဲ့ ကျွန်တော့် ပါတနာ တစ်ယောက်လဲ အလုပ်အတူတူ လုပ်ခဲ့ကြပါတယ်။
ကျွန်တော့် ပါတနာက လူမျိုးခြား တစ်ယောက်ကို ကားဟောင်းတွေဝယ်ပေးတာ ၁၅ စီး အစီး၂၀ ရှိပါတယ်။
ကျွန်တော့်ပါတနာက သူဝယ်ပြီး အပ်ထားပေးတဲ့ ကားဟောင်းအပ် စလစ်ကို အဲဒီ လူမျိုးခြား ထံမှ သူ့သူငယ်ချင်း တစ်ယောက်ကို ရောင်းပေးလိုက်တယ်။
သူ့သူငယ်ချင်းက ကျွန်တော့်ကို အဲဒီ စလစ်နဲ့
ကားတစ်စီးသွင်းပေးဖို့ အလုပ်အပ်တယ်။
ဒါနဲ့ ကျွန်တော်လည်း ကားတစ်စီးသွင်းပေးလိုက်တယ်။
ကားက မြန်မာပြည်ရောက်လို့ ဆိပ်ကမ်းက ထုတ်မယ်လည်းလုပ်ရော လူမျိုးခြားက မှတ်ပုံတင် ငှားမပေးနိုင်ဘူးတည့်ဗျာ။
သူ့မှတ်ပုံတင် ငှားချင်ရင် စပေါ်ငွေ သိန်း ၁၀၀ တင်ရမယ်ဆိုပြီး ပြောတယ်။
ဒါနဲ့ ကျွန်တော့် ပါတနာလည်း သေချာပြောဆိုပြီး ညှိလိုက်တာ သိန်း ၅၀ နဲ့ ငှားခဲ့ရတယ်။ အဖြစ်အပျက်ကတော့ ဒါပါဘဲ။
ကျွန်တော်ပြောချင်တာက လူမျိုးခြားတစ်ယောက်က သူ့မှတ်ပုံတင်ကို ဘာကြောင့် မငှားချင်တာလဲ။
သူတို့ပြောတဲ့ အကြောင့်ပြချက်က ပျောက်မှာစိုးလို့တဲ့။ လ.ဝ.က မှာ အခုဆိုရင် အမှန်ကန်မှတ်ပုံတင်တွေ ပျောက်ဆုံးသွားတယ်ဆိုရင် အလွယ်တကူ လုပ်လို့ရပါတယ်။
မသမာတဲ့ နည်းနဲ့ ရထားတဲ့ မှတ်ပုံတင်ဖြစ်လို့ မငှားချင်တာလား။ တွေးစရာ ရေးစရာတွေက အများကြီးဘဲ။
ဒီလို မှတ်ပုံတင်ငှား မရတဲ့ လူမျိုးခြား တွေက ကျွန်တော်တို့ မန္တလေး မှာ အများကြီးပါ။ ကိုယ် တိုင်ကြုံခဲ့ရတဲ့ အဖြစ်ပျက်လေးကို ပေးပို့လိုက်တာပါ။
သူ့ရဲ့ မှတ်ပုံတင်က မူဆယ် မှတ်ပုံတင်ပါ။ ကျွန်တော်တင်သွင်းခဲ့တဲ့ ကားနံပါတ်က ၉ဂ/xxxx Mark II ဆလွန်းပါ။
No comments:
Post a Comment