မန္တလေးမြို့၊ သြဂုတ်လ (၉)ရက်
မန္တလေးတောင်ခြေ တဝိုက်မှဆို ရွှေကျောင်းကြီးက အထင်ကရဘဲ မဟုတ်လား ..ရှေးမြန်မာ လက်ရာ အပြည့် အဝ ကို အံ့မခန်းဖေါ်ဆောင်နိုင်တာမို့ ကမ္ဘာလှည့် ခရီးသွားများ မပြတ် စည်ကားလှပါတယ် ..လူဝင်ခ ဓါတ်ပုံ ကင်မရာ ဆောင်ယူခ တွေနဲ့ မနည်းတဲ့ ဝင်ငွေ ရမှာလည်း အသေ အချာပါပဲ .. ကင်မရာတစ်လုံး (အကြီး) ကို မြန်မာလူမျိုးတောင်မှ မြန်မာငွေ ကျပ်တစ်ထောင် ဆောင်ရသဗျ .. ဆိုင်ကယ် အပ်ခက ၃ဝဝ ကျပ် ..လူဝင်ကြေးက ပေးရသေးတယ် .. ပေးရတာတွေနဲ့ ကြည့်လိုက်ရတာတွေက တန်ပါတယ် ဆိုပါစို့ .. ပြောချင်တာက ထိန်းသိမ်းမှု
အရမ်းအားနည်းတာကို ပါ..ရွှေကျောင်းကြီးဟာ တကယ်တော့ ရွှေရောင်တပြောင်ပြောင်နဲ့ မြို့ကျက်သရေကို ဆောင်ရပါမယ် .. အတွင်းမှာလည်း အလင်းအားနည်းလွန်းတာ ကြောင့် မြင်ရ ရှုရ တာ သိပ်အဆင်မပြေပါ ...ကျောင်းအတွင်းမှာ တော့ အံ့မခန်း မြန်မာ့ ကနုတ်ပန်းလက်ရာ များကို ရင်သပ်ရှုမောဘွယ်ရာ ကြည့်နိုင်မှာဖြစ်ပေမဲ့ .. အချိန်နဲ့ ရာသီ ရဲ့ တိုက်ဖျက်မှုကို ရွှေကျောင်းကြီးရဲ့ လက်ကျန် ရွှေရောင် အစအနတွေက ပြပြ ပြီးညီးနေရှာသလိုပဲ .. လူဝင်ကြေးတွေ .. ကင်မရာခွန်တွေ နဲ့ ပြုပြင်ထိန်းသိမ်းမှုကို ဒီ့ထက်မက လုပ်မယ်ဆိုရင် မန္တလေး ဂုဏ်ဆောင် ရွှေကျောင်းတော်ကြီးက အလွန်မှ ကျေနပ်နေမှာ အသေချာပါပဲ..
အောင်မြေ (နန်းတော်ရှေ့)
ဓာတ်ပုံ- Open Sky
CJ MYANMAR သို့ ပေးပို့သော စာများသည် သက်ဆိုင်ရာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။
No comments:
Post a Comment