CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, August 6, 2012

MJA ဖြစ်မြောက်ရေးကော်မတီ (မန္တလေးတိုင်းဒေသကြီး) ဖွဲ့စည်း။

သတင်း နှင့် ဓာတ်ပုံ -  CJMyanmar
မန္တလေးမြို့၊ သြဂုတ်လ (၆) ရက်


MJA ဖြစ်မြောက်ရေးကော်မတီ (မန္တလေးတိုင်းဒေသကြီး)

မန္တလေးတွင် MJA ဖြစ်မြောက်ရေး ကော်မတီတွင် သတင်းထောက်များ၊ Blogger များ၊ သတင်းကိုစိတ်ပါဝင်စားသူများ ပါဝင်နိုင်ရေးအတွက် အစည်းအဝေးကျင်းပနေစဉ်

မန္တလေးတွင် MJA ဖြစ်မြောက်ရေး ကော်မတီတွင် သတင်းထောက်များ၊ Blogger များ၊ သတင်းကိုစိတ်ပါဝင်စားသူများ ပါဝင်နိုင်ရေးအတွက် အစည်းအဝေးကျင်းပနေစဉ်

MJA ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို သြဂုတ်လ (၆)ရက်နေ့၊ ယနေ့နေ့လည် (၁)နာရီခန့်က မန္တလေး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ D&G ကော်ဖီဆိုင်တွင် အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။ နာယက - နတ်မောက်ထွန်းရှိန်၊ သိုက်ထွန်းသက်၊ ညီစေမင်း၊ မာဃိန္ဒ(ပုသိမ်ကြီး)၊ စိုးဘားဒိုင်။ ဥက္ကဌ - စန်းယုကျော် ဒုဥက္ကဌ - ထွန်းဝင်း အတွင်းရေးမှူး - မောင်ဘဦး တွဲဖက်အတွင်းရေးမှူး - မင်းဒင်၊ မဖြိုး ဘဏ္ဍာရေးမှူး - မင်းမင်းလတ် စာရင်းစစ် - ကြည်အောင် ပြန်ကြားရေးတာဝန်ခံ - မန်းသားလေး သက်သာချောင်ချိရေး - ဆွေနိုင်စစ် တို့အပါအ၀င် အလုပ်အမှုဆောင် ၂၁ယောက်တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း CJ Myanmar မှသိရသည်။

No comments:

Post a Comment