မန္တလေးမြို့၊ သြဂုတ်လ (၂၄)ရက်
မန္တလေး သြဂုတ်(၂၄) ၂၀၁၂ ဒီဇင်ဘာလ မှစတင်၍မန္တလေးနည်းပညာတက္ကသိုလ်ကို Center of Excellence (COE) အဖြစ်အဆင့် တိုးမြှင့် ဖွင့် လှစ်နိုင်ရန် အဆင့် မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်၊ ၊စက်မှူနှင့် သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းအောင်တို့ နှင့် ယခင် MIT ကျောင်းသားဟောင်းများတွေ့ ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးနည်းပညာတက္ကသိုလ်ပင်မဆောင်စည်းဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ ထိုသိုဖွင့် လှစ်ရာတွင်လိုအပ်သောအကူအညီအထောက်အပံ့ များပေးနိုင်ရန်အတွက် မန္တလေးစက်မှုတက္ကသိုလ်/မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ကို အောက်ပါပုဂ္ဂိုလ်များ ဖြင့် ဖွဲ့ စည်းခဲ့ ပါသည်။နာယက၁။ဒေါက်တာအောင်ကျော်မြတ်၂။ဒေါက်တာဇော်မင်းအောင်၃။ဒေါက်တာမြင့် သိန်းဥက္ကဌ ကိုပြည်မိုးဒု-ဥက္ကဌ ၁။ကိုလှအောင်၂။ကိုမိုးနိုင်ဦး၃။ကိုကြည်သာမြင့် ၎။ကိုစစ်သွေးကျော်အထွေထွေအတွင်းရေးမှူးကိုဌေးဝင်းအောင်တွဲဘက်အထွေထွေအတွင်းရေးမှူး၁။ကိုမိုးထိန်း၂။ကိုနိုင်ဝင်း၃။ကိုစိုးထွန်း၎။ကိုသက်နိုင်စိုး၅။ဒေါ်အေးအေးမော်၆။ဒေါ်နွယ်နွယ်မွန်၇။ဒေါ်ခင်ဝင်းနွယ်ကော်မတီဝင်များ၁။ကိုညဏ်မောင်မောင်ဝင်း၂။ကိုသန်းဇော်ထွေး၃။ကိုဖြိုးဝေအောင်၎။ကိုအောင်လွင်အေး၅။ကိုလင်းအောင်၆။ကိုသူရလွင်၇။ကိုကျော်နိုင်လင်း၈။ကိုစ၀်ခွန်ဦး၉။ကိုအောင်အောင်၁၀။ကိုမန်းဗဟာဒူး၁၁။ကိုသီဟဦး၁၂။ကိုဇော်ဇော်ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ် တို့ကို ယခုနှစ်ဒီဇင်ဘာလမှစတင်၍ ကျောင်းသား ၂၅၀စီလက်ခံကာ အဆင့်တိုးမြှင့်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ပြည်နယ်နှင့်တိုင်းများရှိနည်းပညာတက္ကသိုလ်များကိုလည်း ထပ်မံအဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း CJMyanmar မှသိရှိရသည်။
No comments:
Post a Comment