သြဂုတ်လ (၃) ရက်
မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ နဲ့ ဘိုးဘွားများ၏ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံက် ၉ နာရီခွဲက ဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ မင်းကွန်းတောင်ရိုး သီရိဓဇကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဦးအဂ္ဂဓမ္မ နှင့် ပင့်သံဃာများ ကြွရောက်ချီးမြှင့်ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်းအကြောင်းဟောကြား၍ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မြင့်၊ အုပ်ချုပ်ရေးမှုး ဦးခင်အောင်နှင့် အမှုဆောင်အဖွဲဝင်များ၊ ဘိုးဘွားများက ပင့်သံဃာ ၁၇ ပါး ကို ဝါဆိုသင်္ကန်း နှင့် လှုဘွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း CJMyanmar မှ သတင်းရရှိသည်။
No comments:
Post a Comment