CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, August 25, 2012

Myanmar Job Fair 2012

သတင်း နှင့် ဓာတ်ပုံ -  CJM-666
ရန်ကုန်မြို့၊ သြဂုတ်လ (၂၅)ရက်


ဒုတိယ အကြိမ်မြောက် ပြုလုပ်သော Myanmar Job Fair 2012 ပွဲ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမ တွင် သြဂုတ်လ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ကျင်းပပြုလုပ်လျက်ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း စောင့်မျှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း CJ Myanmar မှ သတင်းရရှိပါသည်။ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏ္ဏီ ၆၀ ကျော်ခန့်မှ ဝန်ထမ်းများ ခေါ်ယူနေပြီး နေ့ချင်း အင်တာဗျူး များလဲ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ စာရင်းကိုင်၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှုးများမှ အစ အခြေခံ ဝန်ထမ်း၊ ယာဉ်မောင်းများ အထိခေါ်ယူနေပြီး နေ့စဉ် လျောက်ထားသူပေါင်း ၄၀၀ ကျော်ခန့် အနည်းဆုံး ရှိကြောင်း သိရှိရသည်။ ကျောင်းပြီးစ လူငယ်အများ လျောက်ထားမှု့ များကြောင်း သိရှိရသည်။ "လောလောဆယ် ကြီးကြပ်ရေးမှုး နေရာခေါ်နေတဲ့ အလုပ် ၃ ခုလျောက်ခဲ့ပါတယ်၊ ကျွန်တော်က အရင်က စင်ကာပူမှာ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိလို့ လျှောက်ဖြစ်တာပါ၊ Myanmar Brewery company မှာ လျှောက်တော့ တစ်ခါတည်း အင်တာဗျူး ဝင်ခွင့်ရခဲ့ပါတယ်" ဟု ပြောကြားသည်။ ပြည်တွင်းမှ နာမည်ကျော် company များလဲ ပါဝင်ပြီး ဟိုတယ်လုပ်ငန်း၊ နည်းပညာ၊ ဝန်ဆောင်မှု့၊ ကုန်ထုတ်လုပ်မှု့လုပ်ငန်းများ၊ စာနယ်ဇင်းနှင့် မီဒီယာ လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ ပါဝင်ပြသသည်ကိုတွေ့ရပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများလည်း ပါဝင်သည်ကို သိရှိရပါသည်။ လျှောက်ထားသူ အများစုမှာ နောက်ပိုင်း ရင်းနှီးမြုပ်နှံမှု့ များပြားလာပါက အလုပ်အကိုင်အခွင့်အလမ်း နှင့် ဝင်ငွေများတိုးပွားလာနိုင်မည်ဟု CJ Myanmar ကို ခန့်မှန်းပြောကြားကြပါသည်။

No comments:

Post a Comment