CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, August 13, 2012

မန္တလေးအောင်မြေသာစံ ညောင်ကွဲရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ သြဂုတ်လ (၁၃)ရက်


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ရတနာဂီရိဂူကြီးတိုက်နှင့် မျက်နာခြင်းဆိုင်တွင်ရှိသည့် ပလပ်စတစ်၊ စက္ကူ၊ ပုလင်း နှင့် သံတိုသံစ အဝယ်လုပ်ငန်းတစ်ခုတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း CJMyanmar မှ သတင်းရရှိသည်။

No comments:

Post a Comment