CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, August 7, 2012

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီးရုံးခွဲမှ အသင်းဝင်များ စတင်လက်ခံ

သတင်း နှင့် ဓာတ်ပုံ -  CJM-1970
မန္တလေးမြို့၊ သြဂုတ်လ(၇)ရက်




အသင်းဝင်တွေ လိုက်နာရမယ့် စည်းကမ်း ၅ ချက်

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီးရုံးခွဲ မှ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းသို့ ဝင်ရောက်လိုသော အကျိုးဆောင်များကို သြဂုတ်လ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနှင့် ၇၂ လမ်းဒေါင့် ရှိ အောင်ချမ်းသာ ဓမ္မာရုံတွင် စတင်လက်ခံ ဆောင်ရွက်ပေးနေသည်။

အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းသို့ ဝင်ရောက်လိုသော အကျိုးဆောင်သည် အသက် ၁၈ နှစ်ပြည့်ရမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်ရမည်ဖြစ်သည်။ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းကို ကုမ္ပဏီဖွင့်လှစ် လုပ်ကိုင်နေသူများသည် အသင်းဝင်ကြေး တစ်သိန်း နှင့် နှစ်စဉ်ကြေး သုံးသောင်းခြောက်ထောင်၊ ရုံးခန်းဖွင့်လှစ်လုပ်ကိုင်သူများ အတွက် အသင်းဝင်ကြေး ငါးသောင်း နှင့် နှစ်စဉ်ကြေး သုံးသောင်း၊ တစ်ဦးခြင်း အကျိုးဆောင် လုပ်နေသူများ အသင်းဝင်ကြေး သုံးသောင်း နှင့် နှစ်စဉ်ကြေး တစ်သောင်း ရှစ်ထောင် ဖြစ်ကာ ယခု အသင်းဝင်ကြေး လက်ခံခြင်းသည် ယာယီ အသင်းသား အဖြစ်သာ အသိအမှတ်ပြုခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း မှ ဖွင့်လှစ်မည့် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းကို တက်ရောက်ပြီးမှသာ အမြဲတမ်း အသင်းသား အဖြစ် အသိအမှတ်ပြုမည် ဖြစ်ကြောင်း အသင်းဝင်များ လိုက်နာရမည့် အချက် ၅ ချက်ပါ စည်းကမ်း ထုတ်ပြန်ချက်တွင် ထုတ်ပြန်ကြေညာထားကြောင်း CJMyanmar မှ သတင်းရရှိသည်။

No comments:

Post a Comment