မန္တလေးမြို့၊ သြဂုတ်လ (၂)ရက်
မြန်မာပံ့ပိုးကူညီသူများအဖွဲ့ (MPG)၏ လစဉ်လှူဒါန်းမှုအစီအစဉ်အရ(၆)ကြိမ်မြောက်ပံ့ပိုးကူညီမှုအဖြစ် ဇူလိုင်လကောက်ခံရရှိမှုအား ပြင်ဦးလွင်မြိုနယ်အနီးစခန်းလေယာဉ်ကွင်းတောင်ဘက်ရှိ ဒိုးပင်အောင်ကံသာပရဟိတကျောင်းသို့ ၂.၈.၂၀၁၂နေ့ နံနက်ပိုင်းကသွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။ကျောင်းသားများအတွက် စာသင်ခုံများ၊ စာအုပ်၊ဘောပင်၊ခဲတန်နှင့်ဆန်အိတ်(၃၀)အစရှိသည်တို့ ပံ့ပိုးကူညီနိုင်ခဲ့ပြီး ယခုလကူညီမှုမှာ စုစုပေါင်းတန်ဘိုးကျပ်၁၄သိန်း၂သောင်း၆ထောင်၅ရာတိတိဖြစ်ပါသည်။ အဆိုပါကျောင်းတွင် မိဘမဲ့ကလေးငယ်များ ၁၅၀၀ခန့်ပြုစုစောင့်ရှောက်ထားပြီး လှူဒါန်းလိုသည်များသည် ဖုန်း၀၉၂၀၄၅၉၄၉ နှင့် ၀၈၅၅၀၃၉၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment