CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, August 6, 2012

ညိမ်းအထူးကုဆေးခန်းမှ သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများသပိတ်မှောက်

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ သြဂုတ်လ (၁)ရက်


မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ရီရှင်းအုပ်စုပိုင် ညိမ်းအထူးကုဆေးခန်းမှ သူနာပြုဆရာမများနှင့် အခြေခံဝန်ထမ်းများသည် ၀န်ထမ်းလစာရရှိရာတွင် တရားမျှတခြင်းမရှိဟု ယူဆ၍ (၁၊ ၈၊ ၂၀၁၂)ရက်မှ စ၍ အလုပ်မဆင်းဘဲ သပိတ်မှောက်လိုက်သည် သတင်းရရှိသည်။ စုံစမ်းရန် (Reception) ကောင်တာနှင့် ဆေးအရောင်းကောင်တာ ဝန်ထမ်းများကိုသာ လစာတိုးပေးပြီး သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများကို လုပ်ခလစာတိုးမပေးသဖြင့် လုပ်ခလစာရရှိမှု မညီမျှခြင်းကြောင့် သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများ အားလုံးနီးပါး (စုစုပေါင်း ဦးရေ ၃၀)ခန့်သည် (၁၊ ၈၊ ၂၀၁၂ )နေ့မှ စ၍ အလုပ်မဆင်းဘဲ သပိတ်မှောက်ဆန္ဒပြနေကြပြီး ဆေးရုံလုပ်ငန်းများ မရပ်ဆိုင်းစေရန် ရီရှင်းအုပ်စုပိုင်ပင်ဖြစ်သော မြို့တော်ဆေးရုံမှ ဝန်ထမ်းများအားခေါ်ယူကာ ညိမ်းဆေးခန်းတွင် အစားထိုးတာဝန်ပေးထားကြောင်းနှင့် ဆန္ဒပြမှုတောင်းဆိုမှု အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်မည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းတစ်ရပ်လိုအပ်လျက်ရှိကြောင်း ဝန်ထမ်းတစ်ဦးမှ CJ Myanmar သို့ ပြောကြားပါသည်။

No comments:

Post a Comment