မန္တလေးမြို့၊ သြဂုတ်လ (၇)ရက်
စာရေးသူ ကိုမြအေး၏ လွန်ခဲ့သော ၁၅ နှစ်က အင်းစိန်ထောင်ထဲမှာစတွေး၊ လွိုင်ကော်ထောင်မှာ အကြမ်းရေးကာ တောင်ကြီးထောင်မှာ အချောသတ်ခဲ့သည့် ထောင်ထဲမှာတွေးပြီး ထောင်ထဲမှာ ရေးခဲ့သော “မိုးကောင်းကင်၌ တိမ်တိုက်များ” စာအုပ်ကို စာရေးသူကိုယ်တိုင် လက်မှတ်ရေးထိုး ရောင်းချပွဲကို ယနေ့နံနက် ၁၀ တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ D&G Food Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လာရောက် ဝယ်ယူအားပေးသူများကို စာရေးသူကိုယ်တိုင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရင်းရင်းနှီးနှီး တွေ့ဆုံကာ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း CJMyanmar မှ သတင်းရရှိသည်။
No comments:
Post a Comment