သြဂုတ်၊ လ (၁၁)ရက်
ငွေလွှဲခ နှုန်းထားအား ယခင်နှုန်းထား အဟောင်းသို့ ပြန်လည် ပြောင်းလိုက်ကြောင်း AGD Bank ၏ တရားဝင် facebook page တွင် ယမန်နေ့က ဖော်ပြထားသည်။ ငွေလွှဲခနှုန်းထား လျော့ချခဲ့မှုကြောင့် KBZ Bank နှင့် AGD Bank တို့အား အခြား ဘဏ်များမှ ဗဟိုဘဏ်သို့ တိုင်တန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကို CJMyanmar မှ (http://goo.gl/G4NSC) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းကဲ့သို့ အခြားဘဏ်များမှ ဗဟိုဘဏ်သို့ တိုင်တန်းခဲ့မှုများကြောင့် ငွေလွှဲနှုန်းထားများ ပြန်လည် မြှင့်တင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးမှ CJMyanmar သို့ ပြောကြားခဲ့သည်။
No comments:
Post a Comment