(Monday, June 25, 2012 )
ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသအတွင်းသို့
သွားရောက်ခဲ့သော စာနယ်ဇင်းဆရာများနှင့် သတင်းဓာတ်ပုံဆရာတို့ရဲ့ 5
Journalists for Peace Photo Exhibition (Mandalay) ဓာတ်ပုံပြပွဲ
ဖွင့်ပွဲကို ဇွန်လ ၂၅ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ၃၁လမ်းနှင့်
၈၄လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်စစ်ဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ကြသော အားမာန်၊ စန်းယုကျော်၊ မျိုးမင်းထိုက်၊ ရဲနိုင်မိုး နှင့် စိုးဝင်းငြိမ်းတို့၏ ဓာတ်ပုံများကို ပြသရောင်းချမည်ဖြစ်ပြီး ရရှိငွေများကို ကချင်စစ်ဘေးသင့်ဒေသများအတွက် ပြန်လည်လှူဒါန်းမည်ဖြစ်ကြော င်းလဲသိရသည်။ အဆိုပါ ဓာတ်ပုံပြပွဲကို ဇွန်လ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်း ပြသသွားမည်ဖြစ်ကြောင်းလဲ သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် စာရေးဆရာ ဆရာဆူးငှက်မှ ငြိမ်းချမ်းရေး အမှတ်တရ စကားပြောကြားနေစဉ်...
ဖွင့်ပွဲအခမ်းအနားတွင် စာရေးဆရာ ဆရာဆူးငှက်မှ ငြိမ်းချမ်းရေး အမှတ်တရ စကားပြောကြားနေစဉ်...

No comments:
Post a Comment