မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊
Greatwall Shopping Center ရှိ MTG ( Mobile Trading Group) ၏
ဦးဆောင်မှုဖြင့် Greatwall Shopping Center မှဆိုင်ခန်းရှင်များ၊ အလှုရှင်
မိဘပြည်သူများက ရခိုင်ပြည်နယ်မှ ဘေးဒုက္ခရောက် ပြည်သူများအတွက် အလှုငွေနှင့်
ပစ္စည်းများကို စိမ်းရောင်စို Activities သိုလွဲပြောင်းပေးအပ်
လှူဒါန်းပွဲကို ယနေ့နံက် ၁၀ နာရီက Greatwall Shopping Center တွင်
ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အလှူရှင်များ၊ စိမ်းရောင်စို Activities မှ တာဝန်ရှိသူများ၊ ဖတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားသို့ အလှူရှင်များ၊ စိမ်းရောင်စို Activities မှ တာဝန်ရှိသူများ၊ ဖတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် MTG ( Mobile Trading Group) ၏ MD ကိုမင်းသန့်မှ
ပရဟိတအလှူငွေ ဦးဆောင်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြကာ
စာရေးဆရာညီစေမင်းမှ မုဒိတာစကား ပြောကြားသည်။ ထိုနောက်
အဖြုရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုမှ ကချင်ဒေသမှ ဒုက္ခသည်များအား
လှူဒါန်းနေမှုများကိုလည်း ရှင်းလင်းတင်ပြကာ အခမ်းအနားသို့
တက်ရောက်လာကြသူများအား Real Friends Dancers အဖွဲ့၊ လူငယ်မျက်လှည့်ပညာရှင်
Mr. Zero နှင့် Peace Weapon Band အဖွဲ့များက အက၊ မျက်လှည့်၊
တေးဂီတများဖြင့် ဖြေဖျော်တင်ဆက်ကြသည်။
အဖြုရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘို
MTG ( Mobile Trading Group) ၏ MD ကိုမင်းသန့်
စာရေးဆရာညီစေမင်း
Peace Weapon Band အဖွဲ့
ထိုနောက် လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ MTG ( Mobile Trading Group) မှ
မတည်အလှူငွေကျပ် ၁၅ သိန်း၊ မန္တလေး orange Supermarket များရှိ
ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့်
အဝတ်အထည် အစုံ ၇၀၀ ခန့်၊ Greatwall Shopping Center မှ ဆိုင်ခန်းရှင်များ
စုပေါင်းလှူဒါန်းငွေ ၆၈၃၂၀၀ ကျပ်၊ စိန်ဝင်းဝင်း ကဖေးမှ အလှူခံရရှိငွေ ၅၅၀၀၀
ကျပ်၊ အောင်ထွန်းထွန်း ကဖေးမှ အလှူခံ ရရှိငွေ ၂၀၁၅၀၀ ကျပ်၊ ဒါနသီလ
ဘုံဆွမ်းလောင်းအသင်း အခမဲ့ သွေးလှူရှင်များအဖွဲ့မှ အလှူငွေ ၇၅၀၀၀ ကျပ်၊
ဦးစန်းအောင်ခေါ်မောင်မြတ်မှိုင်း နှင့် ပန်တျာဒေါ်ဌေးဌေးမြင့်
(လမင်းတစ်ရာမိသားစု) မှ အလှူငွေကျပ် ၅၀၀၀၀၊ ကိုသားငယ် မနွေးနွေး
(ရေဦးပွဲရုံ) မှ အလှူငွေကျပ် ၃၀၀၀၀၊ ဦးကျော်ဝင်း ဒေါ်အေးသီ (ရွှေပျား
ဓာတ်မြေသြဇာ ရောင်းဝယ်ရေး) မှ ဆန် ၁၀ အိတ်နှင့် အလှူရှင် တစ်ဦးမှ မှ
မုန့်သေတ္တာ ၅ လုံး အပါအဝင် ငွေကြေး၊ အစားအသောက်၊ အထွေထွေပစ္စည်းများ ပါဝင်
လှူဒါန်းကြရာ စိမ်းရောင်စို Activities မှ တာဝန်ရှိသူများက လက်ခံရယူကာ
ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း CJMyanmar မှသတင်းရရှိသည်။
MTG ( Mobile Trading Group) မှ မတည်အလှူငွေကျပ် ၁၅ သိန်း၊
မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊
သတင်း နှင့် ဓါတ်ပုံ CJM 024
https://www.facebook.com/media/set/?set=a.263185450451937.47795.202664583170691&type=1
MTG ( Mobile Trading Group) မှ မတည်အလှူငွေကျပ် ၁၅ သိန်း၊
မန္တလေး orange Supermarket များရှိ ဆိုင်အလှူခံပုံးများအတွင်းမှ ရရှိ စုစုပေါင်း အလှူငွေကျပ် ၁၂ သိန်းနှင့် အဝတ်အထည် အစုံ ၇၀၀ ခန့်၊
သတင်း နှင့် ဓါတ်ပုံ CJM 024
https://www.facebook.com/media/set/?set=a.263185450451937.47795.202664583170691&type=1







No comments:
Post a Comment