သတင်း နှင့် ဓာတ်ပုံ - ဒီမိုသက်
Mandalay , friday June,8,2012
မန္တလေးမှာ လမ်းတွေပေါ်မှာက
နေ့တိုင်း စည်းကမ်းပျက်နေတာတွေ တွေ့တွေ့နေရပါတယ်။ မန္တလေးမှာ မီးအန္တရယ်
ခဏခဏကြူံနေရပေမယ့် လမ်းဘေးမှာ စည်းကမ်းမရှိ ဆီထုတ်၊ ဆီရောင်းနေတာတွေကလည်း
အများကြီးပါ။ ၇၈ လမ်းမကြီးပေါ်က ဓါတ်ဆီဆိုင်ရှေ့ဆို အဆိုးဆုံးပါပဲ။
ဆီထုတ်နေတုန်း ဆိုင်ကယ်မီးလောင်ခဲ့တာလည်းရှိတယ်။
ဒါပေမယ့် မန်းစည်ပင်တွေက လွတ်ထားတော့ တစ်နေ့တခြား ပိုပိုဆိုးလာနေပါတယ်။
နောက်တစ်ခုက မန္တလေးက တစ်လမ်းမောင်းလမ်းတွေ မှာ မောင်းချင်သလို
မောင်းနေကြတာတွေ။ တစ်လမ်းမောင်းဆိုတာက ယာဉ်အသွားအလာမှာ အန္တရာယ် ကင်းအောင်
လုပ်ဖို့လိုလာလို့ကို လုပ်ရတာ။ ကြေညာထားပြီး မလိုက်နာသူတွေကို အရေးမယူတော့
ယုံယုံကြည်ကြည်နဲ့ လိုက်နာနေသူတွေမှာ အန္တရယ်ရှိလာရတာပေါ့။
နောက်လမ်းပိတ်ပြီး ယာဉ်နှစ်ထပ်ရပ်တဲ့ ကိစ္စတွေ၊ လိုင်းကားတွေ
ယာဉ်နှစ်ထပ်ရပ်ပြီး လူတင်တာတွေ၊ မှတ်တိုင်မဟုတ်ပဲ ရပ်တာတွေ၊
ပလက်ဖေါင်းပိတ်ထားတာတွေကတော့ 
၈၄လမ်းမှာ ဆို အဆိုးဆုံးပါ၊ ဒါတွေကို လည်း လမ်း တာဝန်ရှိသူတွေ
မျက်နှာလွဲနေတယ်။ နောက်ဆုံးတော့ ခုနောက်ပိုင်းမှာ မန်းစည်ပင်က သတင်းစာမှာ
ကြေညာနေတဲ့ အမှိုက်သိမ်းချိန်၊ အမှိုက်ကား မလာတာတွေနဲ့ စည်းကမ်းမဲ့
အမှိုက်ပစ်တာတွေ၊ ဒါတွေကလည်း အများသိအောင်သာ သတင်းစာမှာ ကြေညာပြီး
အောက်ခြေက တာဝန်ရှိသူတွေက မလုပ်၊ အထက်က တာဝန်ရှိသူက မကြီးကြပ်တော့
ဖြစ်ချင်တိုင်းဖြစ်နေကြတာပါ လို့ မန္တလေးက စည်းကမ်းမဲ့ လုပ်ရပ်များ ကို ဒေသခံများ က CJ Myanmar ကိုပြောကြားပါသည်။







No comments:
Post a Comment