(Tuesday, June 12, 2012 ,Sittwe )
စစ်တွေမြို့တွင် အခြေအနေများ ဆက်လက်တင်းမလာလျက်ရှိနေပြီး ၁၁ ရက်နေ့က
နာဇီရွာ အနီးရှိ သရက်တော ဘုန်းတော်ကြီးကျောင်းကို ရွာထဲမှ ဘင်္ဂါလီများ
ဝင်ရောက်စီးနင်းခဲ့သဖြင့် ကိုရင်တစ်ပါး ဓားဒဏ်ရာဖြင့်
ပျံလွန်တော်မူခဲ့ကြောင်းကြားသိရပြီး အခြား သံဃာတော်များ
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CJ Myanmar ကိုယ် ဒေသခံများက ပြောကြားပါတယ်။
ဘုန်းတော်ကြီးကျောင်းကိုလဲ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ အဆိုပါ
နာဇီအပိုင်းကို လက်ရှိအချိန်မှာတော့ ရဲများက ထိန်းသိမ်းထားပြီး
ခြောက်လှန့်ပစ်ခတ်မှု့များ အကြိမ် ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။
စစ်တွေမြို့ ဝေသာလီ ဘောလုံးကွင်းအနောက်ဖက်ခြမ်းမှာတော့ ရက်ကွက်အတွင်းနေထိုင်သူ ဘင်္ဂါလီအချို့က ကိုယ့်အိမ်ကို မီးရှို့ ထွက်ပြေးသွားတာကြောင့် ရထားလမ်းအရှေ့ဘက်ခြမ်းရက်ကွက်တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒေသခံ ဆိုက်ကားနင်းသူတစ်ဦးကိုလဲ အုပ်စုလိုက်ရိုက်နှက်ခဲ့မှု့ကြောင့် ထိခိုက်ဒဏ်ရာများနဲ့ တွေ့မြင်ခဲ့ရပါတယ်။
စစ်တွေမြို့ လယ်ရှိ လောကာနန္ဒာ ဘုရား တစ်ဖက်ခြမ်းရှိ ဗလီတစ်ခုမှာတော့ ရဲတပ်ဖွဲ့က ဝင်ရောက်ကင်းစောင့်ကျပ်ပေးထားခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံမှု့ ဖြစ်ပွားခြင်းမရှိပါဘူး။ ဒေသခံအချို့ အဆိုအရ အဆိုပါ ဗလီသို့ ဝတ်ပြုလေ့ရှိတော့ ပုဂ္ဂိုလ်တစ်ဦးထံမှ အကြမ်းဖက် အဖွဲ့အစည်းများဖြင့် အဆက်အသွယ်ရှိကြောင်း သက်သေခံ စာရွက်အထောက်အထားများ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဆိုပါ ပြည်ပရှိ အကြမ်းအဖက်အဖွဲ့အစည်းများဖြင့် အဆက်အသွယ်ရှိအများစုသည် လက်ရှိ စစ်တွေနှင့် ဘူးသီးတောင်၊ မောင်တောရှိ NGO များတွေ အလုပ်လုပ်နေသူများပါ ပါဝင်ကြောင်း CJ Myanmar သို့ ပြောကြားပါသည်။
သတင်း နှင့် ဓာတ်ပုံ - CJM-666

No comments:
Post a Comment