CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, June 8, 2012

“ပညာရေးလောကမှာတော့ အထက်က ဘယ်လိုပြောပြော အောက်မှာတော့ ဖြစ်ချင်တိုင်းဖြစ်နေ”

သတင်း နှင့် ဓာတ်ပုံ -  CJM-024

friday June,8,2012

“ပညာရေးလောကမှာတော့ အထက်က ဘယ်လိုပြောပြော အောက်မှာတော့ ဖြစ်ချင်တိုင်းဖြစ်နေ”
သမီးလေးကိုကျောင်းလွတ်တော့ မသွားချင်ဘူးလို့ ငိုနေတယ်ဗျာ။ ဖြစ်တာက ဒီနေ့ကျောင်းက အတန်းပိုင်ဆရာမက မှာလိုက်တဲ့ ဝယ်လာရမယ့် ပစ္စည်းတွေ ကျွန်တော်က ဝယ်မပေးနိုင်သေးဘူး ဖြစ်နေတယ်။ မနက်ဖြန်တော့ ကျွန်တော်လည်း မဖြစ်မနေ ဝယ်ပေးမှာပါ။ ကိုယ့်သမီး မျက်နှာငယ်ရမှာတော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူးလို့ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ ရှိ အထက (၁၄) မှာ ဒီနှစ်မှ သူငယ်တန်းကျောင်းသူသစ်အပ်ထားတဲ့ ကျောင်းသူမိဘ တစ်ဦးက ဆိုပါတယ်။
လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိကြောင်း၊ နိုင်ငံတော်သမတကြီးက ၂၀၁၁ မတ်လ ၃၀ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒ သဘောထားလမ်းစဉ်များကို လမ်းညွန်မှာကြားရာတွင် ပညာရေးဆိုင်ရာ လမ်းညွန်ချက် ၁၀ ချက် လမ်းညွန်မှာကြားခဲ့ရာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းနေမြဲရေး၊ မူလတန်းအခမဲ ပညာရေးကို ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာဆရာမများကို လမ်းညွန် မှာကြားလျှက်ရှိနေပေမယ့် အောက်ခြေမှာတော့ အတန်းပိုင်ဆရာဆရာမတွေက ကျောင်းသားကျောင်းသူတွေကို သူတို့ လိုအပ်တဲ့ ပစ္စည်းတွေ မှာနေတော့ မဝယ်နိုင်တဲ့ ကျောင်းသားကျောင်းသုတွေမှာ ကျောင်းနေမပျော်ဖြစ်ရကာ ကျောင်းသားမိဘများ စိတ်ညစ်ရလျှက်ရှိပါတယ်။
ကျောင်းအပ်တဲ့နေ့မှာမှာ အခမဲ့ ပညာရေးဆိုပြီး ဘာမှမတောင်းခဲ့ပေမယ့် ကျောင်းစဖွင့်တာနဲ့ ဆရာဆရာမတွေက သူတို့ရဲ့ကျူရှင်တွေ တက်ခိုင်းတာ၊ ကျောင်းမှာသူတို့လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ဝယ်ခိုင်းတာတွေ လုပ်နေကြပါတယ်။ မိဘတွေကလည်း သူတို့သားသမီးတွေ အပေါ်မှာ ဆရာဆရာမတွေ အညှိးထားမှာ စိုးရတဲ့ အတွက် ဝယ်ပေးနေရတယ်လို့ဆိုပါတယ်။
ကျွန်တော်သမီးကို ဒီနှစ်မူလတန်း စအပ်တော့ လမ်း ၈၀၊ အထက (၁၄) မှာ၊ မူလတန်းပြဆရာမ က ကျောင်းစတက်ရတာနဲ့ သူ့ကျူရှင်မှာ လာတက်ပါလို့ ဆိုပါတယ်။ မူလတန်း ကျောင်းသားကျောင်းသူ တစ်ဦးကို တစ်လ တစ်သောင်းတောင်းပါတယ်။ မတက်ရင် အတန်းထဲမှာ ကလေးကို ဂရုမစိုက်မှာ စိုးလို့ သူ့ကျူရှင်မှာ ထားရပါတယ်။ သူနဲ့ အခြားအတန်းပိုင်ဆရာမ နောက်တစ်ယောက်တွဲပြီး ၃၄ လမ်း၊ ၈၁ လမ်းနဲ့ ၈၂ လမ်းကြားက သစ်သီးပွဲရုံတစ်ခုမှာ ကျုရှင်ပြပါတယ်။ နေ့တိုင်း ညနေ ၃နာရီခွဲကနေ ၅နာရီလောက်ထိ ကျောင်းဆင်းရင် ပို့ရပါတယ်။ ကျွန်တော်ပြောတာမယုံရင် နေ့တိုင်းမှာ ကျူရှင်သင်တဲ့နေရာကို လာကြည့်နိုင်ပါတယ်ဗျာလို့ မူလတန်း ကျောင်းသားကျောင်းသူ မိဘတစ်ဦးက ပြောလာပါတယ်။
ဒီလိုမျိုးတွေလုပ်နေတာ ဒီ ဆရာမတွေမှ မဟုတ်ပဲ တစ်ခြားကျာင်းက ဆရာဆရာမတွေလည်း လုပ်နေကြတာပါ လို့ CJMyanmar ကိုပြောပြပါတယ်။

No comments:

Post a Comment