(Monday, June 18, 2012 , Mandalay)
သတင်း နှင့် ဓါတ်ပုံ #CJM- 024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက် အကွက် (၆၃၃)၊ အမှတ် (၁၈၉)၊ ၃၂ လမ်းနှင့် ၃၃လမ်းကြား၊ ၇၇ လမ်းရှိ ဒေါ်သန်းရီ၏ နေအိမ်တွင် ယနေ့ နံက် ၇ နာရီ ၅၅ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ နေအိမ်အပေါ်ထပ်တွင် အမွေးတိုင်များပူဇော်ထားရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကာ နံက် ၈ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရာသို့ တိုင်းဗဟိုမီးသတ်နှင့် မြို့နယ်များမှ မီးသတ်ကား ၃၇ စီး၊ သန္ဒေမီးသတ်သမား ၄၀ ဦး၊ ဒေသအရံမီးသတ်သမား ၁၃၀ဦး ခန့် ရောက်ရှိ မီးညှိမ်းသတ်ခဲ့သည်။ ဆုံးရှုံးမှု ခန့်မှန်းတန်ဘိုးမှာ ၁၁ သိန်း ၅ သောင်းခန့် ရှိကာ အိမ်ရှင် ဒေါ်သန်းရီ အားသက်ဆိုင်ရာမှ အရေးယူဆောင်ရွက်လျှက် ရှိကြောင်း CJMyanmar မှ သတင်းရရှိသည်။









No comments:
Post a Comment