CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, June 12, 2012

ဇွန်လ (၁၂)ရက်နေ့ စစ်တွေသတင်းများ။


(Tuesday, June 12, 2012 ,Sittwe )


(၁နာရီ ၃၀ ၀န်းကျင်)
စစ်တွေမြို့ရှိ ဆီရီဆီရီဟိန္ဒူဘုရားကျောင်းနှင့်ဘုရားကျောင်းဝန်းကျင်ရှိ လူနေအိမ်များကို ရိုဟင်ဂျာများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယခုအချိန်တွင် လုံခြုံရေးများရောက်ရှိနေပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့ ကြိုးစားနေကြောင်း သတင်းရရှိ။

(၂နာရီ ၀န်းကျင်)
ဆီရီဆီရီဟိန္ဒူဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သော ရိုဟင်ဂျာများသည် တခြားရပ်ကွက်များရှိ လူနေအိမ်များကို ဆက်လက်မီးရှို့ရန်ကြိုးစားနေကြောင့် လုံခြုံရေးများ လိုက်လံတားဆီးနေကြောင်းသိရ။

(၂နာရီခွဲ ၀န်းကျင်)
မီးရှို့ခံရသော ရပ်ကွက်ဝန်းကျင်ရှိ ရဲတပ်ဖွဲဝင်များနေရာတွင် တပ်မတော်မှ ၀င်ရောက် နေရာယူပြီး ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသက်နိုင်ရန် အကာအကွယ်များပေးနေကြောင်းသိရ။
ယနေ့ ညနေပိုင်းတွင် ရိုဟင်ဂျာများသည် မိမိတို့ အိမ်များကို မီးရှို့ဖျက်ဆီးကာ မန်စီသင်းချိုင်းထဲတွင် စုဝေးနေထိုင်နေကြပြီး လူအင်အားများပြားကြောင်း၊ စစ်တွေမြို့ခံ ပြည်သူများအနေဖြင့် မန်စီသင်းချိုင်းတွင် အသုဘချရန်အတွက် အခက်အခဲများ ဖြစ်လျှက်ရှိကြောင်း သိရသည်။

(ယနေ့ည ၈ နာရီခွဲခန့်တွင်)
အောင်ဒိုင်ကျေးရွာအား ရိုဟင်ဂျာများက ဝိုင်းရံပိတ်ဆို့ထားကြောင်း၊ အဆိုပါ ရွာထဲတွင် ရခိုင်လူမျိုးများ ပိတ်မိနေပြီး တပ်မတော်စစ်ကြောင်းက အခြေအနေကို ထိမ်းသိမ်းရန် အတွက် သွားရောက်နေကြောင်း CJMyanmar မှ သတင်းရရှိသည်။

(နောက်ဆက်တွဲ သတင်းများကို ဆက်လက်တင်ဆက်သွားပါမည်)
သတင်းနှင့် ဓါတ်ပုံ #CJMyanmar 

No comments:

Post a Comment