CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Thursday, June 14, 2012

စစ်တွေမြို့ မိုးများရွာသွန်းမှုကြောင့် အခြေအနေများ


(Thursday,  June 14. 2012 , Sittwe)


စစ်တွေမြို့တွင် ၁၃ ရက်နေ့က မိုးများရွာသွန်းမှုကြောင့် အခြေအနေများ အေးဆေးငြိမ်သက်ခဲ့ပြီဟု မှတ်ထင်ခဲ့ကြသော်လည်း ညသန်းခေါင် ၁၂ နာရီ ၃၅ မိနစ်ခန့်မှ စ၍ မြို့ပေါ်ရှိ ရပ်ကွက် အနည်းဆုံးသုံးနေရာခန့်တွင် မီးများလောင်ကျွမ်းလျက်ရှိသည်ကို ရွာသွန်းနေသည့် မိုးရေများကြမှပင် မီဒီယာသမားများအားလုံး တည်းခိုရာနေရာမှ တွေ့မြင်နေကြရသည်ဟု CJM သတင်းထောက်တစ်ဦးက သတင်းပေးပို့ပါသည်။ ညမထွက်ရအမိန့်ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ အခင်းဖြစ်ရာနေရာသို့ သွားရောက်နိုင်ခြင်းမရှိကြကြောင်းလည်း သိရပါသည်။

သတင်း နှင့် ဓါတ်ပုံ CJM-777

No comments:

Post a Comment