CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Thursday, June 14, 2012

အမှတ် ၄၁ အဆန် မန္တလေး - မြစ်ကြီးနား ရထား မိုင်းထိ



(Thursday, June 14,2012)

ဇွန်လ ၁၃ ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနား သို့ ထွက်ခွာလာသည့် အမှတ် ၄၁ အဆန် မန္တလေး - မြစ်ကြီးနား ရထားသည် နန်းကွေ့နှင့် မြစ်ကြီးနား ဘူတာအကြားတွင် မိုင်းထိကာ တွဲတစ်တွဲ လမ်းချော် တိမ်းမှောက်ကြောင်း၊ ထိခိုက်ဒါဏ်ရာ ရရှိမှု ကို အတိအကျ မသိရသေးကြောင်းနှင့် မြစ်ကြီးနားမှ မန္တလေး သို့ ထွက်ခွာမည့် အစုန်ရထားမှာ မြစ်ကြီးနားမှ မထွက်ခွာ နိုင်သေးကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်း - ဒီမိုသက်

No comments:

Post a Comment