CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Wednesday, June 20, 2012

ဓာတ်ခဲစက်ရုံ အလုပ်သမားများ အချက် ၉ ချက်တောင်းဆို


(Wednesday,June 20,2012. Mandalay )




မန္တလေး ဇွန်(၂၀) မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်း။ မြဝတီမင်းကြီးလမ်း။ ဆ ရပ်ကွက်။ စက်မှုဇုံ(၁)။ ရှိ ဖောင်းဆိုင်အထွေထွေရောင်းဝယ်ရေးကုမ္ပဏီလီမိတက် နေတံဆိပ် ဓာတ်ခဲစက်ရုံ တွင် နံနက်(၈)နာရီက အလုပ်သမားများ ၄၅၀ ဦးက တောင်းဆိုချက် (၉)ချက် ဖြင့် ဆန္ဒပြနေကြောင်း CJ Myanmar မှသတင်းရရှိသည်။ 
အလုပ်သမားများတောင်းဆိုသည့် အချက်အလက်များ - 
၁။ အခြေခံလစာကို ယခင်လစာအပြင် ၃၅၀၀၀ (သုံးသောင်းငါးထောင်ကျပ်) ထပ်တိုးပေးရန်။ 
၂။လစဉ်ရက်မှန်ကြေး ၁၅၀၀၀(တစ်သောင်းငါးထောင်ကျပ်)တိုးပေးရန်။ ၃။ သောက်သုံးရေများကို ရေသန့်ဘူးထားပေးရန်။ 
၎။တစ်နေ့လုပ်ချိန် ၈း၀၀ ထက်ကျော်လွန်ပါက အလုပ်သမားခံစားခွင့်အတိုင်း အတိအကျသတ်မှတ်ပေးရန်။ 
၅။ အလုပ်သမားလေဘာကဒ်တိတိကျကျ ပြုလုပ်ပေးရန်။ 
၆။ အလုပ်ချိန်အတွင်း ထိခိုက်ဒဏ်ရာနှင့်နေမကောင်းဖြစ်ပါက စက်ရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်အပြည့်အ၀ပေးရန်။ 
၇။ အလုပ်သမားဝတ်စုံကို ၀န်ထမ်းအားလုံးကို ထုတ်ပေးပါရန်။ 
၈။ အလုပ်သမားများ နားနေဆောင် ဆောက်လုပ်ပေးပါရန်။ 
၉။ ဓာတုဆေးအတွက် ကာကွယ်ရန် အလုပ်သမားသုံးပစ္စည်းများ ပြည့်စုံအောင် ထုတ်ပေးပါရန်။
 သတင်း နှင့် ဓာတ်ပုံ -တမာပင်

No comments:

Post a Comment