CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, June 15, 2012

ရခိုင်-ရိုဟင်ဂျာ အရေးအခင်းတွင် သေဆုံး၊ ပျက်စီး သတင်းထုတ်ပြန်


( Friday, June 15,2012 ,Sittwe)


စစ်တွေ၊ ဇွန်-၁၄

ရခိုင်ပြည်နယ် အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရရုံးတွင် ယနေ့ ညနေ ၃း၃၀ နာရီတွင် စတင် ကျင်းပခဲ့ပြီး ညနေ ၅း၃၀ နာရီ ဝန်းကျင်တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်လင်းပွဲမှာ ရခိုင်-ရိုဟင်ဂျာ အရေးအခင်းတွင် သေဆုံး၊ ပျက်စီး သတင်းများကို ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ထိန်လင်း တို့မှ အဓိက ရှင်းလင်း ထုတ်ပြန်ခဲ့ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ  CJMyanmar ၏ CJ တစ်ယောက်မှ သတင်းပေးပို့သည်။ ယင်းထုတ်ပြန်ခဲ့သော အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 

ဇွန်-၈၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၈၆၃)လုံး၊ မွတ်ဆလင် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း
သေဆုံးသူ --- ရခိုင် (၇)ဦး၊ မွတ်ဆလင် (၂)ဦးဒဏ်ရာရသူ --- ရခိုင် (၅)ဦးဖျက်ဆီးခံရသော အဆောက်အဦး  ---  ရဲကင်း (၁)ခု၊ ဆေးခန်း (၁)ခန်း၊ ဆေးရုံ (၁)ရုံ၊ 

ဇွန်-၉၊ မောင်းတောမြို့
မွတ်ဆလင် (၁)ဦး သေ 

ဇွန်-၁၀၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၁)လုံး
သေဆုံးသူ --- (၁)ဦး
၎င်းနေ့တွင် မောင်းတောမြို့ အခြေအနေ ထိန်းသိမ်းနိုင်

ဇွန်-၁၀၊ဘူးသီးတောင် (၁)ဦးသေ

ဇွန်-၁၀၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၅၄)လုံး၊ မွတ်ဆလင် (၆၇၃)လုံး၊ ဗလီ (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဒဏ်ရာရသူ --- ရခိုင် (၆)ဦး၊ မွတ်ဆလင် (၁၀)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ဆိုင်ကယ် (၄)စီး၊ ဆိုင်ခန်း (၅)ခန်း

ဇွန်-၁၀၊ ရမ်းဗြဲမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၃၅)လုံး၊ မွတ်ဆလင် (၂၂)လုံး၊ ဗလီ (၃)လုံး ပျက်စီး

ဇွန်-၁၁၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၆)လုံး

ဇွန်-၁၁၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၇၀)လုံး၊ မွတ်ဆလင် (၁၉၀)လုံး၊ ဗလီ (၁)လုံး
သေဆုံးသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၂)ဦး

ဇွန်-၁၁၊ ပေါက်တော့မြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၂၁)လုံး၊ မွတ်ဆလင် (၁၄)လုံး
ဒဏ်ရာရသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၁၁)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ကုန်စုံဆိုင် (၁)ဆိုင်

ဇွန်-၁၂၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၂)လုံး

ဇွန်-၁၂၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၁၆၈)လုံး၊ မွတ်ဆလင် (၂၉၁)လုံး၊ နာဇီဈေးမီးလောင်
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ဆိုင်ခန်း (၁၀၇)ခန်း


ဇွန်-၁၂၊ မြောက်ဦး
ရခိုင်အိမ် (၁၅)လုံး ဖြိုချခံရ

ဇွန်-၁၂၊ ပေါက်တော
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၅၄)လုံး

ဇွန်-၁၂၊ ကျောက်တော်
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- (၄၆)လုံး

ဇွန်-၁၃၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- (၂)လုံး(ယခု အချက်အလက်များတွင် ပါဝင်သော စကားလုံး အသုံအနှုန်းမှာ ပြည်နယ်အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသော အသုံးအနှုန်းများသာ ဖြစ်ပါသည်။)

No comments:

Post a Comment