CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, June 8, 2012

ဝန်ထမ်းလစာပါ၊ အချက်(၆)ချက် တောင်းဆိုမှုကို ပိုင်ရှင်ဦးဘစိန် မှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့တွင် လက်ခံသဘောတူညီခဲ့သည်။


Mandalay  , friday June,8,2012

မန္တလေးမြို့တွင်၊ မေလ(၈)ရက်နေ့က ရန်ကုန်-မန္တလေးလမ်း ၇၈လမ်းနှင့် ရတနာပုံတက္ကသိုလ်လမ်း ရှိ ''အောင်စိန် ချည်မျှင် နှင့် အထည်ဆိုးဆေးလုပ်ငန်း'' တွင် မနက်(၇)နာရီက အလုပ်သမားများအချက်(၆)ချက်ဖြင့်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ ညနေ (၄)နာရီ တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ပြည်ကြီးတံခွန်မြို့နယ် မှ တာဝန်ရှိလူကြီးများ နှင့် ''အောင်စိန် ချည်မျှင် နှင့် အထည်ဆိုးဆေးလုပ်ငန်း'' ပိုင်ရှင်ဦးစိုင်းဘစိန် နှင့် တောင်းဆိုသူအလုပ်သမား မောင်သက်နှင်းအောင် တို့ပြေလည်မှုရရှိခဲ့ကြောင်းသတင်းရရှိသည်။ အမျိုးသားဝန်ထမ်း ယခင်လစာ ၅၉၀၀၀ ကျပ် မှ ၈၀၀၀၀ ကျပ်၊ အမျိုးသမီးဝန်ထမ်း ယခင်လစာ ၅၄၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ် သို့ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။ အလုပ်ချိန်ကိုလဲ တစ်နေ့ (၈)နာရီ၊ တစ်ပတ်(၄၄)နာရီ ထက် ပိုမိုခိုင်းစေမှုရှိခဲ့လျှင် အချိန်ပိုအဖြစ် သတ်မှတ်၍ အချိန်ပိုလုပ်ခပေးချေသွားပါမည် ဟု သဘောတူခဲ့သည်။

အလုပ်သမားများကိုယ်စားတောင်းဆိုသူ မောင်သက်နှင်းအောင် နှင့် အခြား ၀န်ထမ်း များက ပိုင်ရှင် ဦးစိုင်းဘစိန် ကို တောင်းဆိုခဲ့သောအချက်(၆)ချက်ကို လိုက်လျောပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်လျက်ရှိကြောင်း CJ Myanmar ကသိရှိရသည်။ 

 
သတင်း နှင့် ဓာတ်ပုံ -  တမာပင်

No comments:

Post a Comment