(Saturday, June 23,2012 )
မန္တလေးမြို့ရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် စတိုးဆိုင် လုပ်ငန်းရှင်များအား
ပြည်တွင်းအခွန်များ ဦးစီးဌာန မှ လက်ရှိ ကောက်ခံလျှက်ရှိသော အခွန်အရပ်ရပ်
ဆိုင်ရာကိစ္စများ ရှင်းလင်းပွဲကို ဇွန်လ ၂၃ ရက်နံက် ၉ နာရီတွင် မန္တလေး၊
အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှုးရုံး အစည်းအဝေး
ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွန်ကြားရေးမှုး
ဦးအောင်မိုးကြည်၊ ညွန်ကြားရေးမှုး ဦးကျော်ကျော်တို့မှ အခွန်အကောက်
စတင်ပေါ်ပေါက်ပုံ၊ အခွန်ကောက်ခံရခြင်း၊ လက်ရှိ ကောက်ခံလျှက် ရှိသော
အခွန်အရပ်ရပ် ဆိုင်ရာကိစ္စများ အပါအဝင် ဟိုတယ်လုပ်ငန်း၊
စားသောက်ဆိုင်လုပ်ငန်း၊ စတိုးဆိုင် လုပ်ငန်းများတွင် စားသုံးသူထံမှ
ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်အား ကောက်ခံသွားမည့်ကိစ္စ၊
ထိုသို့ကောက်ခံရာတွင် ဘောင်ချာထဲမှ ငါးရာခိုင်နှုန်းကို ထည့်ကောက်ခိုင်းမည်
ဖြစ်ကြောင်း၊ စားသောက်ဆိုင်များဖက်မှလည်း ယခင်ကောက်ခံနေသည့် ၁၀ရာခိုင်နှုန်း
စားသုံးသူထံ ဆက်လက်ကောက်ခံနေခြင်းမျိုး မပြုလုပ်ပဲ ယခုနှစ် ဧပြီလတွင်
ပြောင်းလဲပေးခဲ့သည့် ငါးရာခိုင်နှုန်းသို့သာ ပြောင်းလဲကောက်ခံရန်ကိစ္စ၊
သတင်းမီဒီယာများမှလည်း ပြည်တွင်းအခွန်ဆိုင်ရာ သတင်းများကို
ရေးသားဖေါ်ပြရာတွင် စကားလုံး၊ အဓိပ္ပါယ် မလွဲစေပဲ ပြည်သူများ မှန်ကန်တိကျစွာ
သိရှိနားလည်းနိုင်စေဖို့ ရေးသားပေးကြပါရန် ကိစ္စများကို
ဆလိုက်ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြခဲ့ကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်း နှင့် ဓါတ်ပုံ - CJM 024
No comments:
Post a Comment