(၁၇-၆-၁၂) နေ့ ည ၁၁နာရီ မိနစ် ၄၀အချိန်က
ဘ၀တစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့သော သတင်းစာဆရာ၊ စာရေးဆရာကြီး
လူထုဦးစိန်ဝင်း (အသက် ၇၁နှစ်) သို့ ၀မ်းနည်းသ၀ဏ်လွှာ
CJ Myanmar
- ဆရာလူထုဦးစိန်ဝင်းဟာ ခိုင်မာတဲ့ယုံကြည့်ချက်တစ်ခုကို အသက်ထက်ဆုံး ဆုတ်ကိုင်ကျင့်ကြံသွားသူတစ်ဦးဖြစ်တယ်။
- ဆရာလူထုဦးစိန်ဝင်းဟာ ဒီယုံကြည့်ချက်အတိုင်း အဖိနှိပ်ခံရတဲ့ ပြည်သူလူထုဘက်က တစိုက်မတ်မတ် ခုခံကာကွယ်ခဲ့တယ်။
- ဆရာလူထုဦးစိန်ဝင်းဟာ ဒီယုံကြည်ချက်အတိုင်း မတရားမှုမှန်သမျှကို ချွန်းချက်မရှိ၊ အလျော့မပေး တောင်းဆိုခဲ့တယ်။
- ဆရာလူထုဦးစိန်ဝင်းဟာ ဒီယုံကြည်ချက်အတိုင်း မိမိအတ္တကိုယ်ကျိုး လုံးလုံးမပါ၊ ပြည်သူ့ဒီမိုကရေစီနဲ့ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့တယ်။
- ဆရာလူထုဦးစိန်ဝင်းဟာ မိမိကိုယ်ခန္ဓာမသန်မာသည်အထိ ဒီယုံကြည်ချက်ကို ခံယူကျင့်သုံးဖို့ နှစ် ၅၀လုံးလုံး သန်မာခဲ့တယ်။ မိမိအားအင် ဆုတ်ယုတ်သည်အထိ ဒီယုံကြည်ချက်အတွက် နှစ် ၅၀လုံးလုံး အားကောင်းမောင်းသန် ရှင်သန်ခဲ့တယ်။ အခု... မိမိ နောက်ဆုံးထွက်သက် စွန့်လွှတ်ရသည်အထိ ယုံကြည်ချက်အတွက် တာဝန်ကျေခဲ့တယ်။
- သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးစိန်ဝင်းရဲ့ စိတ်ဓာတ်နဲ့ အားမာန်တွေဟာ လက်ဆင့်ကမ်း အမွေခံသူတွေအတွက် ဆက်လက် အဓွန့်ရှည်တည်တံ့ စံနမူနာပြ ဖြစ်နေမှာ သေချာတယ်။
CJ Myanmar
No comments:
Post a Comment