(Monday, June 11, 2012)
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
ပြောရေးဆိုခွင့်ရှိသူရုံးမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော
အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်ကို ဇွန်လ
(၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း http://burma.usembassy.gov
ဝက်ဆိုက်ဒ်မှ သိရသည်။
အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် “မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းများကြောင့် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန်ရပါသည်။ အခြေအနေကို မိမိတို့သည် စောင့်ကြည့်လျက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်တန့်ပါရန် တိုက်တွန်းပါသည်။ မိမိတို့သည် အစိုးရအား တရားဥပဒေစိုးမိုးမှုကို လေးစားသောအားဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို မြန်ဆန်ထိရောက်စွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပါရန်လည်း တိုက်တွန်းအပ်ပါသည်။“ ဟု ဖော်ပြပါရှိပြီး အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနျူလန်း၏ အမည်ဖြင့် ထုတ်ပြန်ကြေငြာသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေ ကြေငြာချက်တစ်စောင်ကို ဇွန်လ (၁၀)ရက်နေ့ ရက်စွဲဖြင့်လဲ ထုတ်ပြန်ခဲ့ကြောင်း CJ Myanmar မှသိရသည်။
News By CJM-999
http://burma.usembassy.gov ၏ အင်တာနက်စာမျက်နှာပေါ်မှ သဘောထားထုတ်ပြန်ချက်။

No comments:
Post a Comment