CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, June 19, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဝါသနာရှင် ဓာတ်ပုံပြပွဲတစ်ခုကျင်းပပြုလုပ်


((Tuesday, June 19, 2012 , Mandalay)



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကွန်ယက်တစ်ခုဖြစ်တဲ့ အမေ့အိမ်ပညာရေးကွန်ယက်မှ ကြီးမှူးကျင်းပတဲ့ ဓာတ်ပုံဝါသနာရှင်များ၏ “တစ်မိုးသားအောက်က လေပြေကျေးဇူး” ဓာတ်ပုံပြပွဲအခမ်းအနားကို ဇွန်လ (၁၉)ရက် ယနေ့ နံနက် (၉)နာရီမှ နေ့လည် (၁၂) နာရီအထိ ၆၃လမ်း၊ ၄၀x၄၁လမ်းကြား၊ မဟာမြိုင် အပိုင်း (၂)ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရပ်/ကျေး) ရုံးတွင် ကျင်းပခဲ့ကြောင်း CJ Myanmar မှ သတင်းရရှိသည်။

သတင်း နှင့် ဓါတ်ပုံ   -CJM 027

No comments:

Post a Comment