( Saturday, June,9,2012 )
မောင်တောမြို့နှင့်ဘူးသီးတောင်မြို့များတွင်အခြေအနေများ မူလအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလျက်ရှိ
ကယ်ဆယ်ရေးစခန်း (၃)ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ
ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်
တည်ငြိမ်အေးချမ်းမှုနှင့်
တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းရေးအတွက်
ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်
ယမန်နေ့က ဖြစ်စဉ်များ၌ စုစုပေါင်း သေဆုံးသူ (၇)ဦး၊ ဒဏ်ရာရရှိသူ
(၁၇)ဦးရှိခဲ့ပြီး အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉)ခန်းနှင့် တည်းခိုခန်း
(၁)ခန်းတို့ ပျက်စီးဆုံးရုံးခဲ့သည်။
မောင်တော်မြို့ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၈.၆.၂၀၁၂ ရက်က ရခိုင်ပြည်နယ်တွင်
ဖြစ်ပွားခဲ့သော အရေးအခင်းနှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်လိပ်စာတွင် ထုတ်ပြန်ကြေညာထားသည်များ
http://www.president-office.gov.mm/
No comments:
Post a Comment