တိုင်းရင်းသား (၁၃၅)မျိုး မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်လာခြင်း၊
တိုင်းပြည်နယ်နိမိတ်အား ကျူးကျော်ရန်စထိပါးလာခြင်း၊
တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးလာခြင်း
တို့အား ပြုမူသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တိုင်းပြည်ကိုမျှ ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ အဆိုပါ အပြုအမူများကို ပြုမူသူသည် မည်သည့် ဘာသာဝင်၊ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားဖြစ်နေပါစေ အပြင်းအထန်ကန့်ကွက် ရှုံ့ချသွားမည်ဖြစ်ကြောင်း CJ Myanmar မှ အသိပေး ကြေငြာအပ်သည်။
လတ်တလော ပစ္စက္ခအခြေအနေတွင် ဖြစ်ပွားနေသော အကြမ်းဖက်လုပ်ရပ်များကို ဖန်တီးနေသည့် ဘင်္ဂါလီရိုဟင်ဂျာများအား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ်လည်း CJ Myanmarမှ လုံးဝအသိအမှတ်မပြုကြောင်း သဘောထားထုတ်ဖော်အပ်သည်။
တိုင်းပြည်အခြေအနေများလည်း အမြန်ဆုံး တည်ငြိမ်အေးချမ်းသာယာစေကြောင်း CJ Myanmar မှ ဆုမွန်ကောင်းတောင်းအပ်သည်။
CJ Myanmar

No comments:
Post a Comment