စစ်တွေ၊ ဇွန်-၁၅
ရခိုင်ပြည်နယ် ရောက်ရှိနေသော CJMyanmar ၏ CJ တစ်ယောက်ပေးပို့ချက်များ...
- စစ်တွေမြို့တွင် ရိုဟင်ဂျာများ မီးသတ်သမား အယောင်ဆောင်ကာ မီးရှို့ ဖျက်ဆီးမှုများပြုလုပ်နေကြောင်း ကြားသိရ...
- ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ထိခိုက် ဒဏ်ရာ ရမှုတွင် အမျိုးသား အရေအတွက်မှာ အမျိုးသမီး အရေအတွက်၏ (၅)ဆ ပိုများ၊ သေဆုံးမူတွင်လည်း အမျိုးသား အရေအတွက်မှာ အမျိုးသမီး အရေအတွက်ထက် (၁၁)ဆခန့် ပိုများကြောင်း သိရ...
- အစိုးရ ဆေးရုံသို့ ရောက်ရှိလာသော သေဆုံးသူ စာရင်းမှာ (၃၀)ဝန်းကျင်ခန့်သာ ရှိပြီး အများစုမှာ ရခိုင် လူမျိုးများ ဖြစ်ကြောင်း သိရ...
- ယနေ့မနက် (၁၁)နာရီ ဝန်းကျင်ခန့်က စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ဝန်းကျင် တွင် မသင်္ကာဖွယ်ရာ ရိုဟင်ဂျာ (၃)ဦးခန့်အား လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ခြောက်လှန့်ကာ အရှင် ဖမ်းဆီးခဲ့ကြောင်းသိရ...
- ကယ်ဆယ်ရေး စခန်းရောက် ဒုက္ခသည်များမှာ မိုးရွာသွန်းလျှက်ရှိခြင်း၊ လူဦးရေများပြားခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်းများကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ အပြင် အဆုတ် အအေးမိရောဂါများပါ ဖြစ်ပွားလျှက် ရှိကြောင်း သိရ...
- ကယ်ဆယ်ရေး စခန်းများတွင် အစားအသောက်အပြင် အိမ်သာနှင့် သန့်ရှင်းသော သုံးရေ၊ သောက်သုံးရေများ လိုအပ်လျှက်ရှိ...
- ကယ်ဆယ်ရေး စခန်းများ ပြန့်ကြဲစွာ တည်ရှိနေသည့် အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေး ကိစ္စရပ်များတွင် အားနည်းလျှက်ရှိ...
- ရိုဟင်ဂျာလူမျိုးများ အများဆုံးရှိသည့် ကယ်ဆယ်ရေး စခန်းအား တပ်မတော်ဆေးတပ်ဖွဲ့မှသာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ...
- ဟိုဘက်၊ ဒီဘက် ယုန်ထင် ကြောင်ထင် ဖြစ်နေသည့် အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် အခက်အခဲများ ဖြစ်နေကြောင်း ကြားသိရ...
- ယနေ့တွင် အခြေအနေ တည်ငြိမ်လျှက် ရှိသော်လည်း ဒေသခံများမှာ နောက်ရက်များတွင် စိုးရိမ်ဖွယ် အခြေအနေများဖြစ်ပေါ်မည်ကို စိုးရိမ်နေကြောင်း သိရ...
No comments:
Post a Comment