CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, June 23, 2012

ဗကသ(အထက်မြန်မာပြည်)ရဲ့ မြေနီကုန်း ၂၄ နှစ်မြောက်ပွဲ


(Thursday, June 21,2012)


ဗမာတစ်နိင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ မှ ၂၄နှစ်မြောက် မြေနီကုန်းအရေးခင်း အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းနားတစ်ခုကို ၂၁.၆.၂၀၁၂ခုနှစ် ညနေ၅နာရီ ပါဋ္ဋိတက္ကသိုလ်ကျောင်း ၊ တောင်ခွင်မင်းကြီးကျောင်းတိုက်မှာ ၄၁လမ်း ၈၆လမ်းထောင့်မှာ ကျင်းပခဲ့ပါသည်။....

၁၉၈၈ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် စစ်အာဏာရှင်တို့၏ ရက်စက်စွာ နှိမ်နင်းခြင်းကြောင့် ကြေလွင့်သွားသော မြေနီကုန်း အရေးခင်းမှနောင်တော်ကျောင်းသားရဲဘော်များအတွက် ရည်စူးပြီး သံဃာတော်အရှင်သူမြတ်များအား လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ပြီး . ၆နာရီခွဲမှာပြီးဆုံးသွားခဲ့.... ယခုပွဲကို အထက်ဗမာပြည်ကျောင်းသားများ သမဂ္ဂမှ ကျင်းပခဲ့တာမဟုတ်ပဲ မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား/သူများ စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
 
သတင်း နှင့် ဓါတ်ပုံ - CJM 027

No comments:

Post a Comment