(Thursday,June 21,2012 )
စစ်ကိုင်းတိုင်းဒေသကြီး၊
အင်းတော်မြို့နယ်၊ မော်လူးဒေသ ရှိ စေတနာရှင် လူငယ်လေးများ စုပေါင်း
ဖွဲ့စည်းထားသည့် One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ ဒေသတွင်းရှိ
ကုန်းခါး ၊ လေဘို ၊ နောင်ကွတ်ကျေးရွာများရှိ မူလတန်းကျောင်းများသို့
ကျောင်းသုံး စာရေးကိရိယာများ သွားရောက် လှူဒါန်းပွဲကို ဇွန်လ ၁၉ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့သည်။ လှူဒါန်းပွဲတွင် ရန်ကုန်မြို့မှ အလှူရှင် တစ်ဦး၏
မတည်လှူဒါန်းငွေနဲ့ စုပေါင်း အလှူငွေများ ဖြင့် ကျောင်းနှင့်
ကျောင်းသားကျောင်းသူများ လိုအပ်သည့် ဗလာစာအုပ၊် ခဲတံ၊ ပေတံ၊ ခဲဖျက်၊ မင်နီ၊
ဘောလုံး၊ နာရီ မြေဖြူ ၊ သင်ပုန်းဖျက် အစရှိသည်များကို ဝယ်ယူ
လှူဒါန်းခဲ့ခြင်းဖြစ်သည်။ One Candle စေတနာရှင် လူငယ်များ အဖွဲ့၏
ယခုလှူဒါန်းမှုသည် ဒုတိယအကြိမ်ဖြစ်ကာ ပထမ အကြိမ်တွင် နားမကျိုင်း၊
ခေါင်းတုံးစီ ရွာသစ်၊ နားဖာ၊ ခေါင်တုံ့စည် ၊ဆားမှော် ကျေးရွှာရှိ
ကျောင်းများတွင် လှူဒါန်းခဲ့ကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်းနှင့် ဓါတ်ပုံ : မာန်ဟုန်ငယ် (မော်လူး)
One Candle Youths Organization, formed by local youths from Maw Luu, Inn Daw Township, Sagaing Division, donated school stationary to primary schools in Kone Khar, Lay Bo and Naung Kut villages in the region on June 19, 2012. At the donation, with the donation received from a donor in Yangon, stationary such as notebooks, pencils, rulers, erasers, red pen, ball, clock, chalks, and dusters were donated to the school and to students. This is the 2nd time that this organization has donated, and for the first donation event, they donated at schools in Nar Ma Kyaing, Gaung Done Si, Nar Phar, Khaung Tont Si, and Sar Maw villages.
News and photo by: Man Hone Nge (Maw Luu)

No comments:
Post a Comment