ဇွန်လ (၁၉) ရက်နေ့ အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ဝေသော News Watch (စောင့်ကြည့် သတင်းဂျာနယ်) စာမျက်နှာ (၅) ပါ "တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေး ရရှိရန် နိုင်ငံတော် အစိုးရ အပေါ်၌သာ တာဝန်ရှိသည်မဟုတ် ပြည်သူများ အပိုင်းမှလည်း အသိတရားနှင့် ယှဉ်၍ ဥပဒေများအား ဥပဒေများအား လေးစားလိုက်နာရန် လိုအပ်" သတင်း ဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံ (၈)ပုံအနက် ဓာတ်ပုံ (၂)ပုံမှာ CJMyanmar ၏ CJ များရိုက်ကူးထားသော Crisis in Rakhine State, Myanmar သတင်းဓာတ်ပုံ album မှ ဓာတ်ပုံများ ဖြစ်ပါသည်။ အဆိုပါ ဓာတ်ပုံများ ကူးယူ ဖော်ပြရာတွင် CJMyanmar ကို ကြိုတင် အသိပေး အကြောင်းကြားခြင်းလည်း မရှိပါ။ ထို့အပြင် ဖော်ပြပါ ပုံ (၂) တွင် CJMyanmar ၏ မူရင်း သတင်းဓာတ်ပုံ ဆိုလိုရင်းအား တစ်မျိုးတမည်ဖြစ်စေရန် ဖြတ်တောက် အသုံးပြုထားပါသည်။ အဆိုပါ သတင်းဓာတ်ပုံများ ရရှိရန် အတွက် CJMyanmar မှ CJ များ အစစ အရာရာ အားထုတ် ကြိုးပမ်းခဲ့မှုများကို အသိအမှတ်မပြုဘဲ News Watch ဂျာနယ်မှ ကူးယူဖော်ပြခြင်းကို CJMyanmar မှ ပြင်းထန်စွာ ကန့်ကွက်သည်။
CJMyanmar မှ မူရင်း ဓာတ်ပုံများ ဖော်ပြထားသည့် link များ ...
https://www.facebook.com/
https://www.facebook.com/
No comments:
Post a Comment