CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, June 17, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဝင်္ကပါကွင်းအနီးရှိ ကျားရုပ်ကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ သံဃာများ သာရေးနာရေးအသင်းမှ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် အရေးအတွက် အစည်းအဝေး ကျင်းပ



(Sunday, June 17, 2012)

ဇွန်လ (၁၇) ရက်၊ ၂၀၁၂ ခုနှစ် နေ့ခင်းပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဝင်္ကပါကွင်းအနီးရှိ ကျားရုပ်ကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ သံဃာများ သာရေးနာရေးအသင်းမှ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် အရေးအတွက် အစည်းအဝေး ကျင်းပခဲ့ရာ အောက်ပါအချက်အလက်များကို ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ပါသည်။

- ဘင်္ဂလီလူမျိုးများအား စစ်တွေမြို့မှ ဝေးရာအရပ်တွင် နေရာချထားပေးရန်

- ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ အကြား လုံခြုံရေးအတွက် တပ်ရင်းများမှ တာဝန်ယူပေးရန်

- ရခိုင်ပြည်နယ်တွင် ဝင်ရောက်နေထိုင်လျှက်ရှိသော ဘင်္ဂလီလူမျိုးများအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားရှိမရှိ စစ်ဆေးပြီး နိုင်ငံသားမဟုတ်သော ဘင်္ဂလီများအား ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအတွင်းမှာပင် ထားရှိခြင်းမပြုရန်

စသည့်အချက်တို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရသို့ မေတ္တာရပ်ခံ တောင်းဆိုမည်ဖြစ်ပြီး

သာသနာ၏ ဓမ္မ န္တရာယ်ဖြစ်သော လူမျိုးများကို အလုပ်အကိုင် အခွင့်အလမ်းပေးခြင်းသာမက အခိုင်းအစေအဖြစ်ပင် ခိုင်းစေခြင်း မပြုဖို့ ဒကာ၊ ဒကာမများအား တိုက်တွန်းသွားကြရန် သဘောတူညီမှု ရရှိခဲ့ကြပါသည်။

သတင်း နှင့် ဓာတ်ပုံ -  CJM-777

No comments:

Post a Comment