CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, June 8, 2012

မြန်မာငွေစက္ကူ ၁၀၀၀၀ ( ကျပ်တစ်သောင်း)တန် ထွက်ရှိ


 Thursday June,7,2012

မြန်မာငွေစက္ကူ ၁၀၀၀၀ (ကျပ်တစ်သောင်း)တန် ထွက်ရှိမည့်သတင်းကို June လ (၇)ရက်နေ့ ညနေ (၆)နာရီ MRTV4 သတင်းအစီအစဉ်မှ ထုတ်လွှင့်သွားကြောင်း CJ Myanmar မှ သတင်းရရှိပါသည်။

အဆိုပါ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့တွင် ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များ၊ အစိုးရငွေတိုက်များတွင် စတင်ထုတ်ဝေမည်ဖြစ်သည်။

တစ်သောင်းကျပ်တန်ငွေစက္ကူမှာ အရွယ်အစားအားဖြင့် ၁၅x၇ စင်တီမီတာရှိပြီး ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ကြောင်းသိရှိရသည်။

တစ်သောင်းကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဘက် ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါပြီး ကျောဘက်ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

No comments:

Post a Comment