CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, June 23, 2012

ရသာကောင်း ချိုချဉ်နှင့် ပီကေလုပ်ငန်း အလုပ်သမားများ ဆန္ဒပြ


(Saturday, June 23,2012, Mandalay)


မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံတက္ကသိုလ် လမ်းဆုံရှိ ထည်ဝါခန့်ငြားသော ကုန်ထုတ်လုပ်မှုကုမ္ပဏီပိုင် ရသာကောင်း ချိုချဉ်အမျိုးမျိုး နှင့် ပီကေလုပ်ငန်း တွင် ဇွန်လ ၂၃ ရက်နေ့ နံက် ၈ နာရီ ၄၅ မိနစ်မှ စပြီး အလုပ်သမား ၂၀၀ ကျော်က အလုပ်သမားများ အတွက် တောင်းဆိုချက် အချက်(၉)ချက် ရရှိရေး အတွက် တောင်းဆိုဆန္ဒပြ လျှက်ရှိသည်။
တောင်းဆိုချက်(၉)ချက်မှာ -

၁။ အခြေခံလုပ်အားခလစာတိုးမြှင့်ပေးရန် နှင့် ဆုံးရှုံး နေသော အချိန်ပိုလုပ်အားခခံစားခွင့် များရရှိရန်။

၂။ အလုပ်ချိန်ကို နိုင်ငံတကာသတ်မှတ်ချိန်အတိုင်း (၁)ရက်အလုပ်ချိန်(၈)နာရီ သတ်မှတ်ပေးရန်။

၃။ လုပ်ငန်းခွင် နှင့် မသက်ဆိုင်သော အလုပ်ကြမ်း များနှင့် အခြားသောလုပ်ငန်းများကို အတင်းအဓမ္မနိုင့် ထက်စီးနင်း ခိုင်းစေနေခြင်း တို့ကို သက်ဆိုင်ရာ ဥပဒေ နှင့် အညီတရားမျှတမှု ရရှိရန်။

၎။ စက်ရုံလုပ်ငန်းခွင် အန္တရယ်ကြောင့် ဒဏ်ရာအနာတရ၊ ထိခိုက်နစ်နာ၊ ဆုံးရှုံးမှုများ အားလုံးကို အပြည့်အ၀ တာဝန်ယူ ပေးရန်။ (မှတ်ချက်။ ။ ကိုယ်အင်္ဂါ ပြတ်တောက် ပျက်စီးပြီး ဒုက္ခိတဖြစ်သွားရသူများရှိသည်။အလုပ်သမားတိုင်းသည်လည်း ၎င်းအန္တရယ်နှင့် နေ့စဉ်အနီးစပ်ဆုံး အခြေနေမှာ ရှိနေသည်။)

၅။ အလုပ်ရှင်မှ အတင်းအဓမ္မသိမ်းယူထားသော အလုပ် သမားများ၏ မှတ်ပုံတင်များကို အမြန်ဆုံး ပြန်ပေးရန်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်အားလပ်ရက်များတွင် လွတ်လပ်စွာ ပြင်ပသွားလာ ခွင့်ရရှိရန်။

၆။ အလုပ်ပိတ်ရက်လုံးဝမရှိခြင်းကို ဖျက်သိမ်း၍ တရားဝင် သတ်မှတ်ထားသော နိုင်ငံတော် ရုံးပိတ် ရက်တိုင်းတွင် အလုပ်ပိတ်ရက်သတ်မှတ်ပေးရန်။

၇။ မတရားသဖြင့်သတ်မှတ်ထားသော ဒဏ်ကြေးများနှင့် အလုပ်သမားများ၏ တရားဝင်ရပိုင်ခွင့် အခွင့် အရေးများကို လစ်လျူရှု၍ တဖက်သက် သတ်မှတ် ထားသော စည်းကမ်းချက်များကို ပယ်ဖျက်ပေးရန်။

၈။ အလုပ်သမားလေဘာကဒ်တရားဝင်ပြုလုပ်ပေးရန်။

၉။ အမျိုးသမီးအလုပ်သမအားလုံးကို တရားဝင် လခစား ၀န်ထမ်းအဖြစ်သတ်မှတ်ပေးရန် တို့ဖြစ်ကြောင်း CJMyanmar မှသတင်း ရရှိသည်။

သတင်းနှင့် ဓါတ်ပုံ : တမာပင်

No comments:

Post a Comment