နံနက် ၁၁နာရီ ၃၅မီနစ်အချိန်တွင် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်
ဗီဂျေးနမ်ဘီးယားသည် စပိဘုတ်ဖြင့် မောင်းတောမှ စစ်တွေမြို့ကို
ရောက်ရှိလာပြီး စစ်တွေလေဆိပ်သို့တိုက်ရိုက်သွား
ကာ ၁၁နာရီ ၄၅မိနစ်တွင် မြန်မာ့လေကြောင်းပိုင် အထူးလေယာဉ်ဖြင့် ရန်ကုန်သို့ထွက်ခွာသွားကြောင်း CJ Myanmar မှသိရသည်။
ဇွန်လ (၁၃)ရက်နေ့ ညသန်းခေါင်အချိန်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်၍ လုံခြုံရေးထိပါးရန်ကြိုးစားသူ (၃၃)ဦးအား တပ်မတော်မှ ထိန်းသိမ်းထားကြောင်း CJ Myanmar မှ သိရသည်။
နေ့လည် (၁၂)နာရီ (၁၅) မိနစ်အချိန်တွင် စစ်တွေမြို့ ဆေးရုံလမ်းအတွင်းရှိ ရေမြောင်းထဲတွင် လူလတ်ပိုင်းအရွယ်ရှိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသည်။ မည်သူမည်ဝါဖြစ်ကြောင်းကို တာဝန်ရှိသူများက စုံစမ်းနေကြောင်းလဲ CJ Myanmar မှ သိရသည်။
ညနေ ၃-နာရီခွဲ အချိန်မှ စတင်ပြီး စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရရုံးတွင် Media များအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေကြောင်း သိရပါသည်။ နောက်ဆက်တွဲ သတင်းများကို CJMyanmar မှ ဆက်လက် ဖော်ပြပေးပါမည်။
ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေများပြားခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း၊ မိုးများရွာ သွန်းလျှက်ရှိခြင်းများ ကြောင့် ဝမ်းရောဂါများ စတင် ဖြစ်ပွားလျှက်ရှိပြီး ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ကြိုးစား ဆောင်ရွက်နေကြောင်း စစ်တွေရောက် CJMyanmar ၏ CJ တစ်ယောက်မှ သတင်း ပေးပို့ပါသည်။
ရခိုင်ပြည်နယ်အစိုးရက အကြမ်းဖက်မှုအားလုံးကို ထိန်းသိမ်းနိုင်သည်ဟု ဆိုသော်ငြား ဇွန်လ (၁၄)ရက်နေ့ ည၁နာရီဝန်းကျင်အချိန်တွင် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်နှင့် တရားသူကြီးရပ်ကွက်အစပ်ရှိ မီးလောင်ပြင်မှ ကျန်ရှိနေသော အိမ်များကို မီးရှို့ခဲကြာင်း သိရသည်။ အရှို့ခံရသော အိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် မသင်္ကာသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း CJ Myanmar မှ သိရသည်။
စစ်တွေမြို့တွင် ဇွန်လ (၁၄)ရက်၊ နံနက် (၂)နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းနေကြောင်းသိရှိရသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် စစ်တွေဆေးရုံအတွင် ရေများဝင်ရောက်လာသဖြင့် ဆေးရုံသုံးပစ္စည်းများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြောင်း CJ Myanmar မှသိရသည်။
(နောက်ဆက်တွဲသတင်းများကို ထပ်မံတင်ဆက်သွားပါမည်)
At 11:35 am, UN Chief's Special Adviser on Myanmar Viijay Nambiar arrived to Sittwe from Maungdaw via speedboat, directly went to Sittwe Airport, and departed from there to Yangon at 11:45am with a special Myanmar Airways plane.
A CJ reported that 33 people who broke the law by going out at night around 12pm are being detained by the armed
forces.
Around 12:15am, an unidentified mid-age male corpse was found in the viaduct in Say Yone Road, Sittwe. Authorities are still trying to identify the body.
(More news updates soon!)

No comments:
Post a Comment