CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, June 23, 2012

စစ်တွေနှင့် အနီးပတ်ဝန်းကျင်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ဝမ်းရောဂါ ကူးစက်မှုအား စတင် ထိန်းချုပ်နိုင်ပြီ

(Thursday, June 21,2012)

စစ်တွေနှင့် အနီးပတ်ဝန်းကျင်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ဝမ်းရောဂါ ကူးစက်မှုအား စတင် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ထမ်း တစ်ဦးမှ CJMyanmar သို့ ပြောကြားပါသည်။ NGO များလည်း အကူအညီပေးရန် ဝင်ရောက်လျှက်ရှိကြောင်းနှင့် နေအိမ် ပျက်စီးမှု မရှိသော ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံ နေသူများ နေအိမ်ပြန်ခိုင်းသော်လည်း အချို့မှာ လုံခြုံရေး စိုးရိမ်စိတ်များကြောင့် အခြား ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ ခိုလှုံလျှက်ရှိကြောင်း ကယ်ဆယ်ရေး စခန်းတွင် အကူအညီ ပေးနေသူ တစ်ဦးမှ CJMyanmar သို့ သတင်း ပေးပို့ပါသည်။
သတင်း နှင့် ဓါတ်ပုံ CJM-197

No comments:

Post a Comment