လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ခေတ်မှီ
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍမှ
ပါဝင်လျှက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ၂၀၁၁ မတ်လ ၃၀ရက်နေ့တွင်
ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒ သဘောထားလမ်းစဉ်များကို
လမ်းညွန်မှာကြားရာမှာ ပညာရေးဆိုင်ရာ လမ်းညွန်ချက် ၁၀ ချက်
လမ်းညွန်မှာကြားခဲ့ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊
ကျောင်းနေမြဲရေး၊ မူလတန်းအခမဲ့ ပညာရေးကို ပညာရေးဌာနမှ တာဝန်ရှိသူများ၊
ဆရာဆရာမများကို လမ်းညွှန် မှာကြားလျှက်ရှိနေပေမယ့် အောက်ခြေမှာတော့
ဆရာဆရာမတွေ ဘာလုပ်နေတယ် ဆိုတာသိရင် တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက်
အရေးယူသင့်တယ်လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပြပါတယ်။
မန္တလေး ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ ရှိ အထက (၁၄) မှာ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို သူတို့ကျူရှင်တွေ အတင်းတက်ခိုင်းတဲ့ ပြသာနာတွေ ရှိနေပေမယ့် အရေးမယူတော့ ပိုဆိုးလာနေကြောင်း၊ ဒီတစ်ခါမှာတော့ ကျောင်းသားမိဘ တစ်ဦးက မြို့နယ်ပညာရေးမှုးရုံး နဲ့ တိုင်းပညာရေးမှုး ရုံးတွေ အထိ တိုင်ကြားထားတာကြောင့် ကျောင်းကနေ ကျောင်းသားမိဘတွေကို နေ့စဉ် နံနက် ၉ နာရီတွေမှာ အတန်းအလိုက် ခေါ်ယူတွေ့ ဆုံရှင်းပြမှုတွေ လုပ်နေရတယ်လို့ ကျောင်းသားမိဘ တစ်ဦးက ဆိုပါတယ်။
ဖြစ်သွားတာက မူလတန်းက အတန်းပိုင်ဆရာမတစ်ယောက်က သူ့ကျောင်းသားကျောင်းသူတွေ သူ့ကျူရှင်မှာ မတက်ပဲ တစ်ခြားအတန်းပိုင် ဆရာမဆီမှာသွားတက်တာကို မကျေနပ်လို့ အတန်းထဲမှာ ကျောင်းသားကျောင်းသူတွေကို စိတ်ဆိုး ဆူပူရာမှ ကျောင်းသားကျောင်းသူမိဘတစ်ဥ
ီး သိရှိသွားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အချက်အလက် အပြည့်အစုံနဲ့ မြို့နယ်ပညာရေးမှုးရုံး၊ တိုင်းပညာရေးမှုး ရုံးတွေအထိ တိုင်ကြားတာကြောင့် ဒီလို ခေါ်ယူရှင်းလင်းနေတာပါလို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတကြီး အပါအဝင် အထက်လူကြီးအဆင့်ဆင့်ရဲ့ စေတနာတွေကို ဒီလိုအောက်ခြေက ဝန်ထမ်းတွေက ချေဖျက်နေတာကြောင့် ဒါမျိုးတွေ ဆက်မဖြစ်စေဖို့ အတွက် အကျင့်ပျက် ဆရာဆရာမတွေကို ထိထိရောက်ရောက် အရေးယူရန် လိုအပ်နေပြီ ဖြစ်ကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်းပေးပို့သူ - ဒီမိုသက်

No comments:
Post a Comment