CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, June 9, 2012

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း


( Saturday, June,9,2012 , Mandalay )



သတင်း နှင့် ဓာတ်ပုံ -  CJM-027
မန္တလေး၊ ၃၅လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ မြစိမ်းရောင်ခန်းမတွင် ယနေ့ (၉.၆.၂၀၁၂) ညနေ ၃ နာရီကျော်ခန့်ကစတင်ပြီး
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့မှ ဂီတပညာရှင်များက ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသမှ ပြည်သူများအား စိတ်ဓာတ်အား၊ ငွေအား ကူညီရန် အလှူခံ ဖျော်ဖြေပွဲကျင်းပနေသည်ကို CJMyanmar ၏ CJ တစ်ဦးက တိုက်ရိုက်သတင်းပေးပို့ပါသည်။ ဖျော်ဖြေပွဲမှာ ယခုသတင်းတင်ချိန်အထိ ကျင်းပနေဆဲဖြစ်သည်။

ယခု မြစိမ်းရောင်ခန်းမတွင် ဆင်ယင်ကျင်းပနေသော အလှူခံဖျော်ဖြေပွဲကို မန္တလေး၊ ကျောက်မျက်ဈေးမှ ကျောက်သမားများနှင့် မန္တလေးကဗျာဆရာ၊ စာရေးဆရာများက ဦးဆောင်စီစဉ်ခဲ့ကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
 

No comments:

Post a Comment